အဟန့်အတား တစ်ခုလို ဖြစ်သွားတယ်



အပြန်လမ်း ဘယ်မှာ လမ်းဘယ်မှာ ဆိုတဲ့ ၀တ္ထုတိုနဲ့ ၂၀၁၂ ရွှေအမြုတေ စာပေဆု ၀တ္ထုတိုဆုကို ဆရာမ စံပယ်ဖြူနုက ရရှိခဲ့ပါတယ်။

ကချင်ပြည်နယ်ဘက်မှာ ဖြစ်နေတဲ့ စစ်ဘေးဒဏ်ကလေးငယ်များရဲ့ ခံစားမှုကို ဆရာမ စံပယ်ဖြူနုက ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။

အပြန်လမ်းဘယ်မှာ လမ်းဘယ်မှာ ၀တ္ထုကို ရေးဖွဲ့ဖြစ်ခဲ့တဲ့ ဆရာမစိတ်ကူးကို အရင်ဆုံး သိချင်ပါတယ်။

ဒီဝတ္ထုကို မရေးခင်ရှေ့မှာ မြို့ကလေး နေမကောင်းပါ ဆိုတဲ့ ၀တ္ထုကိုရေးခဲ့ တယ်။ အဲဒါကလည်း ကချင်ပြည်နယ် ဘက်မှာ စစ်ဖြစ်နေတဲ့ အကြောင်း ရေးတာပါ။ ကျွန်မ ရေးပြီးတဲ့အချိန်၊ စာမျက်နှာပေါ် ရောက်သွားချိန်မှာ ဒီစာဟာ ဟောင်းများ သွားပြီလားလို့ ထင်ခဲ့တယ်။

မြို့ကလေး နေမကောင်းပါကို ၂၀၁၁ ဇွန် လောက်မှာ ရေးပြီး မဂ္ဂဇင်း မှာ အောက်တိုဘာလမှာ ပါခဲ့တယ်။ ဒါပေမဲ့ စာမျက်နှာ ပေါ် ရောက်သွားချိန်မှာ ဒီ အကြောင်းအရာက မဟောင်း သေးဘူး။ ဆက်ဖြစ်နေတုန်း ပဲ။ နိုဝင်ဘာလောက်မှာ ဒီ အကြောင်းအရာကို ထပ်ပြီး ရေးချင်တယ်။ ပြောပြချင် လာတယ်။ အဲဒီတော့ ဇာတ် ကောင်ထားတဲ့ နေရာမှာ စဉ်း စားတယ်။ လူကြီးတစ် ယောက်နေရာက ပြောပြမယ် ဆိုရင် ကျွန်မအများကြီး ပြောပြရတော့မယ်။ စစ်ဆိုတာကို ကျယ်ကျယ်ပြန့် ပြန့် ပြောရတော့မှာဖြစ်တဲ့ အတွက် ဖိုးနီဆိုတဲ့ ကလေး တစ်ယောက်ကို ရွေးလိုက် တယ်။ ကလေးက ဘာမှ မသိဘူးဆိုတဲ့ အမြင်ကနေပဲ ရေးဖြစ်ခဲ့တယ်။

ဆရာမ စံပယ်ဖြူနု အနေနဲ့ ၀တ္ထုတွေ ရေးတဲ့အခါ ကချင်ပြည်နယ်နဲ့ ပတ်သက် တာတွေ ရေးဖြစ်တာများ တယ်။ အဲဒီလို ရေးဖြစ်တာက ကချင်ပြည်နယ်ဘက် အကြောင်းကို ပိုပြီး သိစေ ချင်လို့လား။ ဒါမှမဟုတ် ခံ စားချက်တွေများ ရှိနေလို့လား။

ကျွန်မ စာရေးတဲ့ နှစ်က မကြာသေးဘူးလေ။ စိတ်ကူး ယဉ်ပြီးရေးဖို့ ကျွန်မ အတွက် ခက်တယ်။ ကိုယ်တိုင်မြင် ခဲ့တယ်။ ဖြစ်ခဲ့တယ်။ တွေ့ ခဲ့တယ် ဆိုတာတွေကို စိတ်ကူးနဲ့ ပေါင်းပြီး ရေးတာ အဆင် ပြေတော့ ကျွန်မကျင်လည် ခဲ့တဲ့ ပတ်ဝန်းကျင်ကို ရေးတာ ပိုများ သွားခဲ့တယ်။

ဆရာမ စံပယ်ဖြူနုက ကဗျာလည်း ရေးဖြစ်တော့ ၀တ္ထုတို ရေးတာနဲ့စာရင် ဘယ်ဟာကို ပိုပြီး အားသန်လဲ။

စာစရေးတုန်းက ကဗျာဘက်ကို ရေးဖြစ်တယ်။ အခု နောက်ပိုင်းကျတော့ ၀တ္ထုတို ရေးတာ ပိုများသွားတယ်။ ကျွန်မ ထင်တာတော့ ကဗျာက ပိုခက်တယ် ထင်တယ်။ ကဗျာက ကျစ်ကျစ်လျစ်လျစ်နဲ့ ပြောပြရတော့ ၀တ္ထုထက် ပိုပြီးခက်တယ်လို့ ထင်တယ်။

ဝတ္ထုတိုနဲ့ ဆုရတော့ ဆက်လက်ပြီး ၀တ္ထုတိုတွေပဲ ရေးသွားမှာလား။

ဝတ္ထုတိုဆိုတာ ရသစာ ပေပါ။ ရသစာပေကို ကျွန်မ အမြဲတမ်းရေးသွားမယ်။ ရေးဖို့လည်း စိတ်ကူး အများကြီး ရှိပါတယ်။ အပြန်လမ်း ဘယ်မှာ လမ်းဘယ်မှာ ဆိုတဲ့ ၀တ္ထုကို ရေးပြီးသွားချိန်မှာ အားလုံးထက် အကောင်းဆုံး မဟုတ်ပေမဲ့ ကျွန်မအားရတဲ့ စာဖြစ်သွားတော့ နောက်ပိုင်း စာရေးတဲ့အခါ အဲဒီစာနဲ့ သွားသွားပြီး ယှဉ်ဖြစ်တယ်။ အဲဒီတော့ စာရေးရတာ အဟန့်အတားလေးဖြစ်တယ်။ ကြိုးစားပြီး ကျွန်မ ဆက်ရေး နေပါတယ်”လို့ စံပယ်ဖြူနု က ဆိုပါတယ်။

ဆရာမ စံပယ်ဖြူနုက လောလောဆယ် ရေးထားတဲ့ ၀တ္ထုတစ်ပုဒ်ကို ကိုယ်တိုင် မကြိုက်သေးဘဲ ခဏခဏ ပြင်ဖြစ်နေကြောင်း အဲဒါက လည်း ဆုရတဲ့ အပြန်လမ်း ဘယ်မှာလမ်းဘယ်မှာနဲ့ ယှဉ်ဖြစ်နေတာ ဖြစ်ကြောင်း ပြောပြပါတယ်။

ခင်လေးမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More