ရိပ်မြုံဝေးငှက်ငယ်များ


''ဒီအချိန် ငါဘာလုပ်ချင် သလဲသိလား...ခန့်မှန်းကြည့်စမ်း ပါ..''
ကော်ဖီခွက်ကို လက်က ကိုင်ရင်း ရုတ်တရက်မသောက် နိုင်သေးဘဲ ကျွန်မ သူ့ကို ငေး ကြည့်နေမိတယ်။ တကယ်ပဲ.. သူဟာ ဟိုအရင်ကလိုပါပဲ။ စ ကားတစ်ခွန်းပြောချင်တိုင်း အ ချီအချနဲ့ စီစီစဉ်စဉ်ပြောတတ်တဲ့ သူ့အကျင့်ဟာ ခုထိပြောင်းလဲပုံ မရဘူး။ လိုရင်းမရောက်တတ် လွန်းလို့ ကျောင်းတုန်းက အ ကြိမ်ကြိမ်ငြင်းခုန်ခဲ့ဖူးပေမယ့် ခု တော့လည်း ကိုယ်စီ ရင့်ကျက် နေပြီမို့လား။ ပြောပါဆိုတဲ့သ ဘောနဲ့ပဲ မေးဆတ်ပြီး ပြုံးပြ လိုက်ရတယ်။
''မုန့်ဟင်းခါးစားချင်တာ ဟ..မုန့်ဟင်းခါးစားချင်တာ..မုန့် ဟင်းခါးပူပူမှာ ငရုတ်သီးနိုင်း ချင်းထည့်၊ ပဲသီးထည့်၊ နံနံပင် ထည့်ပြီး အိုးဘဲဥနဲ့ အားပါးတ ရစားချင်လိုက်တာ..''
ကျွန်မ မနေနိုင်ဘဲရယ်မော မိတော့တယ်။ သူပြောနေပုံက ခုပဲ မျက်စိရှေ့ မုန့်ဟင်းခါးပန်း ကန်ရောက်လာတော့မလို။ ခြေ ဟန်လက်ဟန်နဲ့ ပြောတော့ မ ရယ်ဘဲမနေနိုင်ဘူး။ တိတ်ဆိတ် အေးချမ်းတဲ့ ကော်ဖီဆိုင်လေး ထဲမှာမို့ ရယ်တာတောင် ခပ်တိုး တိုးပဲ။
ကျောင်းတုန်းကတော့ ဒီလို ဘယ်ဟုတ်ပါ့မလဲ။ မန္တလေး တက္ကသိုလ်ကျောင်းဝင်းထဲက ပတ္တမြားလက်ဖက်ရည်ဆိုင်ခြံ ဝန်းဆိုတာကလည်း ကျယ်ဝန်း လွတ်လပ်လေတော့ သူငယ် ချင်းတစ်သိုက်မှာ စကားပြော လည်းပဲ အသံဘယ်တော့မှ တိုး တယ်ရယ်မရှိ။ ရယ်ရင်လည်း ဝါးလုံးကွဲဆိုတဲ့ရယ်ပုံမျိုး။ တ ကယ့်ကို ပျော်ရွှင်ပေါ့ပါးခဲ့တဲ့ ကျောင်းသားဘဝ။
အိမ်တွေက ငွေပို့တာ နောက်ကျရင်လည်းပဲ ကျွန်မတို့ တွေ စိတ်ပျက်ပူပန်ခဲ့တယ်လို့မ ရှိခဲ့ပါဘူး။ တစ်ယောက်နဲ့တစ် ယောက် ဝေမျှသုံးစွဲရတာကိုက ဘဝရဲ့ အဓိပ္ပါယ်တစ်ခုလိုပဲ။ မိ ဘပေးတဲ့ ငွေနဲ့လောက်အောင် နေပြီး အိမ်ကိုလည်း ဒုက္ခမပေး တတ်တဲ့၊ အပြစ်ကင်းကင်းပျော် ရွှင်တတ်တဲ့ ကျောင်းသားဘဝ ကိုဖြတ်သန်းခဲ့ဖူးတယ်။ ကျွန်မ တို့ရဲ့ အိပ်မက်တွေဟာလည်း တောက်ပလို့။ တစ်နေ့ ငါတော့ ဘာဖြစ်ရမယ်လို့ အားလုံးကျုံး ဝါးခဲ့ကြဖူးတယ်။ အနာဂတ်ကို အပူကင်းကင်းနဲ့ လှမ်းကြည့်ကြ ဖူးတယ်။ ခုတော့လည်း အရာ ရာဟာ မှုန်ဝါးလို့ အတိတ်မှာ ကျန်ရစ်ခဲ့ပြီ။
သုံးနှစ်လောက် ခွဲနေရတဲ့ အတောအတွင်း သူဟာ သိပ် တော့ ပြောင်းလဲမသွားဘူး။ ကြိုးစားကျင်လည်နေရတဲ့ ပတ် ဝန်းကျင်တစ်ခုနဲ့လိုက်ဖက်အောင် လူကြီးဆန်ရင့်ကျက်လာပုံရပေ မယ့် ကျွန်မနဲ့ ပြန်ဆုံတော့ လည်း ဆယ်ကျော်သက်မလေး လို နုပျိုပေါ့ပါးလာပြန်တယ်။ အထူးသဖြင့် သူ့မျက်လုံးတွေ ဟာ အရင်ကလိုပဲ တောက်ပ လင်းလက်တုန်း။ သူ့အပြုံးတွေ ဟာ လန်းဆန်းလှပတုန်း။ စိတ် ဖိစီးမှု သိပ်များတာပဲဟာလို့ အီး မေးလ်ထဲ မကြာခဏထည့်ရေး တတ်တဲ့ သူက ခုတော့လည်း ဘာသောကမှ မရှိဘူးလို့ထင်ရ တယ်။ ဒါလည်း ရင့်ကျက်ခြင်း တစ်မျိုးပဲလို့ ကျွန်မတွေးမိပါရဲ့။
''မုန့်ဟင်းခါးစားချင်တာ များ ခိုင်ရယ်..ရယ်ဒီမိတ်ထုပ် တွေ ဖောက်ပြီးလုပ်စားလည်းရ တာပဲဟာကို..''
''ဘယ်တူပါ့မလဲ ဖြူဖြူရဲ့ ပတ်ဝန်းကျင်ကလည်းရှိသေး တာကို...မုန့်ဆိုင်က ခွေးခြေခုံမှာ လူတွေနဲ့ ရောနှောဝင်ထိုင်၊ အား ပါးတရ စားပြီး ဟင်းရည်လေး တောင်းသောက်..ကဲ..ဘယ် လောက်ကောင်းလိုက်မလဲ..''
''အေးပါ..ဟုတ်ပါတယ်.. ကျွန်တော်မျိုးမသဘောပေါက်ပါ ပြီ''
''တကယ်ပြောတာ..နင်ဒီမှာ လချီနေဖြစ်ရင် ငါ့ကိုတော်တော် ကိုယ်ချင်းစာလိမ့်မယ်..ခုတော့ နင်က ရယ်နေဦးပေါ့''
မရယ်နိုင်ပါဘူး သူငယ် ချင်းရယ်..နားလည်တာပေါ့။ ချစ်သူခင်သူတွေကို အကြောင်း ကြောင်းကြောင့်၊ အနာဂတ် ကြောင့် ခွဲခွာနေကြရသူတွေချင်း ဘယ်မှာ နားမလည်ရှိပါ့မယ်..။
ရေကြည်ရာရွှေ့ပြောင်းကြ သူတွေဟာ ပြည်တွင်းမှာလည်း ရှိရဲ့၊ နိုင်ငံရပ်ခြားမှာလည်း ရှိရဲ့။ ကချင်ပြည်နယ်က မြို့ကလေး ဆီ တစ်နှစ်မှတစ်ကြိမ် အနိုင်နိုင် ပြန်ဖြစ်တဲ့ကျွန်မမှာ အိမ်အလွမ်း က ဒဏ်ရာတစ်ခုလို ရှိနေတတ် သလိုပဲ သူ့မှာလည်း သုံးနှစ်အ တွင်း အိမ်နဲ့မိုင်ပေါင်းများစွာ ဝေးကွာနေတော့ အလွမ်းတွေရှိ လိမ့်မှာပေါ့။ ဒါကို စိတ်နှလုံး ချင်း နားလည်လို့ရပါတယ်။
''တကယ်ဟ သိလား..ထ မင်းစားချိန်ဆိုလေ..အိမ်က ထ မင်းပွဲကြီး မျက်စိထဲပြေးပြေးမြင် လွန်းလို့ မနည်းဖျောက်စားနေရ တာ..ပြီးတော့လည်း နည်းနည်း လေး နေထိုင်မကောင်းဖြစ်တာ နဲ့ အမေပြုတ်ပေးတတ်တဲ့ ကြက်စွပ်ပြုတ်လေးကို လွမ်း လိုက်တာ မပြောပါနဲ့တော့''
ကော်ဖီတစ်ကျိုက်သောက် ရင်းက သူက ပေါ့ပေါ့ပါးပါး ပြောလိုက်ပေမယ့် ကျွန်မရင်ထဲ မှာ နင့်ကနဲဖြစ်သွားတယ်။
စတွေ့ကြရတဲ့ နာရီပိုင်းအ တွင်း ပထမဆုံးအကြိမ်အဖြစ် သူ့မျက်လုံးတွေ မှုန်မှိုင်းတာကို မြင်ရတယ်။ သူ့အပြုံးတွေ ခဏ လောက် အရောင်ဖျော့တာကို မြင်ရတယ်။
အဆောင်မှာ ပထမဆုံးစ တွေ့ကြရတဲ့ညနေက ငိုနေတဲ့ ကောင်မလေးကို သတိရတယ်။ စကားပြောမေးစမ်းတော့မှ အိမ် ကိုလွမ်းလို့ ငိုတာတဲ့။ ထမင်း လည်း ဘယ်လိုပဲ ကျွေးကျွေး မစားခဲ့ဘူး။ မှတ်မှတ်ရရပါပဲ။ အဲဒီညနေမှာပဲ မျက်ရည်လည် ရွှဲဖြစ်နေတဲ့ကောင်မလေးနဲ့ကျွန် မတို့ အချင်းချင်း မိတ်ဆက်ပြီး စသိကြရတယ်။
ကျောင်းသားဘဝသက် တမ်းတစ်လျှောက်တော့ သူ မြန်မာအစားအစာ မက်မက် စက်စက်ရှိလှတာကိုလည်း ကျွန်မပြန်တွေးတိုင်း အမှတ်ရ ပါသေးတယ်။
အဆောင်မှာ မနက်ခင်းမိုး လင်းတာနဲ့ ကောက်ညှင်းပေါင်း နဲ့အကြော်၊ ဒါမှမဟုတ် မုန့် ဟင်းခါးစားဖို့ပဲ အာသီသရှိ တတ်တဲ့သူ။ နေ့ခင်းစာကို လည်း မြန်မာမုန့်တစ်မျိုးမျိုးပဲ စားလိုတဲ့သူ။ ထမင်းစားချိန်ဆို ရင်တော့ ငါးပိရည်နဲ့ ချဉ်ရည် ဟင်းမပါရင်ပဲ စားမဝင်တတ်တဲ့ သူမျိုးပါ။ ဟမ်ဘာဂါကို ဘယ် တုန်းကမှ စားစရာ မထင် ဘူးလို့ ပြောခဲ့ဖူးတာကိုလည်း ကျွန်မ သတိတရရှိတုန်းပါပဲ။
ပြီးတော့လည်း ဆိုင်က အ စားအသောက်တွေကို စားပြီး အ မေ့လက်ရာက ဒီထက် ဆယ် ပြန်ကောင်းတယ်လို့ တသသ ပြောတတ်ပြန်တယ်။
အိမ်ကို ခင်တွယ်လှတဲ့၊ မြန်မာအစားအစာကို မက်မော လှတဲ့ ကောင်မလေးဟာ ဒီလို ရေမြေခြားမှာ ရှင်သန်ဖို့ ရွေး ချယ်လိမ့်မယ်လို့ ကျွန်မဘယ် တုန်းကမှ မတွေးခဲ့မိဘူး။ မ တွေးဘူးဆိုတာထက် ထင်ကို မ ထင်ခဲ့တာပါ။
ဒါပေမယ့် သူ့အိပ်မက်တွေ ဟာ ကျွန်မ ထင်ထားတာထက် ပိုခမ်းနားနေခဲ့တယ်ဆိုတာ ကျောင်းပြီးကြလို့ တစ်နှစ်ကျော် အကြာမှာမှ သိခွင့်ရတယ်။ သူ ကြိုးစားပြင်ဆင်သမျှကို ဘေး ကနေ မယုံတစ်ဝက် ယုံတစ် ဝက်နဲ့ ငေးကြည့်နေခဲ့ရတယ်။         နောက်ဆုံးတော့လည်း ကျွန်မတို့ သူ့ကို တကယ်နှုတ် ဆက်ရတော့တာပါပဲ။ အဲဒီည နေက ကျွန်မ လှိုက်လှိုက်လှဲလှဲ ငိုမိတယ်။ သူ့ကို လက်ပြနှုတ် ဆက်ရင်း လေဆိပ်မှာ ကျန်နေ ခဲ့ရတဲ့ခံစားမှုကို ခုချိန်ထိ မမေ့ သေးပါဘူး။
ခွဲခွာနေကြရတဲ့အတောအ တွင်း ကျွန်မတို့အီးမေးလ်တွေ အပြန်အလှန်ပို့ကြတယ်။ ကိုယ် စီကြိုးစားနေသမျှကို ရင်ဖွင့်ခဲ့ ကြတယ်။ ဟော..ခုတော့ ပြန် ဆုံကြရပြီ။ ဘာနဲ့မှမတူအောင် ပျော်ရွှင်ရတယ်ဆိုပေမယ့် ဒီတစ် ညနေလေးမှာတင် ခုတွေ့ခုပြန် ခွဲခွာရမှာပဲလို့ တွေးမိတဲ့အခါမှာ တော့ ကျွန်မ တိတ်တဆိတ်နာ ကျင်ရတယ်။ အင်းလေ..ဒါပေ မယ့် ကျွန်မရဲ့သူငယ်ချင်းလေး ဟာ ချယ်ရီမြေမှာ နေသားကျနေ ခဲ့ပါပြီ။ နေသားကျနေပြီပဲဆိုရ မှာပေါ့။ ဒီလိုမြင်တွေ့ရတာကို က ကျေနပ်စရာမဟုတ်လား။ တခြားနာကျင်စရာတွေ မေ့ထား နိုင်ရမှာပေါ့။
''နယ်မှာတုန်းက နှင်းမြင်ခဲ့ ရသေးလား''လို့ သူမေးတော့ ကျွန်မ အတွေးထဲက ရုန်းထွက် ရတယ်။
''မြင်ခဲ့ရတယ်..ပြန်မယ့်ည မှာပဲ နှင်းတွေကျလို့ အေးလိုက် တာဆိုတာ ခိုက်ခိုက်တုန်နေတာ ပဲ..ဒီမှာတော့ အေးပေမယ့် နယ် မှာလောက် မအေးဘူးနော်..နင် နေတဲ့မြို့လေးမှာရော''
''အေးပါတယ်ဟာ..ဒါပေ မယ့် နှင်းတော့ မကျသေးပါ ဘူး''
သူဟာ ကျွန်မကို တွေ့ဖို့ အတွက် ရထားနဲ့ သုံးနာရီ လောက် တိုကျိုမြို့ဆီ လာခဲ့ရ တယ်။ လာဖို့ကြိုးစားမယ်လို့ ဖုန်းနဲ့ပြောတုန်းက သိပ်ဝေးရင် လည်း နေပါစေဟာလို့ ပြောခဲ့ မိတယ်။ တကယ်တမ်းတော့ မတွေ့တာကြာတဲ့သူငယ်ချင်းမို့  တွေ့ချင်တာပဲ။ လာခဲ့ပါဟာလို့ တော့ ပြောမထွက်ခဲ့ဘူး။ ဟို တယ်ဧည့်ခန်းမှာ သူ့ကို တွေ့ လိုက်ရတဲ့အချိန်ဟာ ဒီရက်တွေ အတွင်း အပျော်ဆုံးအချိန်ပိုင်း လေးတစ်ခုပါပဲ။
ကျွန်မတို့ ဟိုတယ်ကနေ ထွက်ပြီး သည်ကော်ဖီဆိုင်လေး ဆီရောက်လာတဲ့အချိန်အထိ လမ်းတစ်လျှောက် နှစ်ယောက် သား စကားတပြောပြောနဲ့။ ရာ သီအေးမြနေတာတောင် သတိ မပြုမိကြဘူး။
သူက သူ့ရဲ့ ကျောင်းအ တွေ့အကြုံတွေအကြောင်း ပြော ပြတယ်။ အချိန်ပိုင်းအလုပ်ခွင် အကြောင်းပြောပြတယ်။ နေ့တ ဓူဝကျင်လည်ရာ ပုံရိပ်တွေကို သူကတော့ ရယ်ရယ်မောမော ပြောပြနိုင်ပေမယ့် တစ်ချက်တစ် ချက် ကျွန်မမှာ မရယ်နိုင်ခဲ့ဘူး။ ပင်ပန်းနေမှာပဲနော်လို့တွေးမိရ တယ်။ ညပိုင်း အချိန်ပိုင်းအ လုပ်ပြီးတာနဲ့ အခန်းဆီ အပြေး ပြန်ပြီး စာကျက်နေမယ့်ပုံရိပ် တွေကို မြင်ယောင်မိရတယ်။
တကယ်တော့ သူမှလည်း မဟုတ်ပါဘူးလေ..။ ကျောင်း သားတိုင်း ဒီလိုဖြတ်သန်းမှုမျိုးနဲ့ ချယ်ရီမြေမှာ ရှင်သန်နေကြတာ ပဲ။ ဒါကို သူပြောပြတဲ့စကား တွေကတစ်ဆင့် နားလည်ရ တယ်။ နေစရိတ်၊ စားစရိတ် အင်မတန်ကြီးမြင့်လှတဲ့ မြေမှာ ကျောင်းသားတွေအဖို့ အချိန် ပိုင်းအလုပ်နဲ့ ကျောင်းစာကို ချိန် ခွင်တစ်ဖက်စီထည့်လို့ မျှတစေ ရင်း ခရီးဆက်ရသတဲ့..။ ဒီ ကြားထဲကမှ တက္ကသိုလ်ဝင်ခွင့် မအောင်၊ ဗီဇာမရနိုင်တော့ဘဲ  ဥလနမှအပေ လုပ်လိုက်ရတဲ့လူ ငယ်တွေလည်းရှိရင်ရှိမှာပေါ့လို့ သူက ပြောတော့ ကျွန်မမှာ သက်ပြင်းပဲ ရှိုက်ရတော့တယ်။
''ကော်ဖီကောင်းရဲ့လား'' လို့သူက ခပ်တိုးတိုး စကားစ ပြန်တယ်။
''ကောင်းပါတယ်ဟာ..ဈေး ကလည်း ကောင်းတာကိုး''
''ဒီမှာတော့ ဒီလိုပါပဲဟာ.. ရောက်စကတော့ ငါလည်း တစ်ခုခုဆို မြန်မာငွေနဲ့တွက်ပြီး မဝယ်ရက်၊ မစားရက်နဲ့ခုတော့ လည်း ရိုးသလိုရှိသွားပြီ..နင့် တောင်ပြောမလို့..ကြိုက်တာတွေ့ ရင်ဝယ်သာဝယ်..ငွေလိုရင် ငါ့ ကိုပြော သိလား''
''တော်ပါပြီဟာ..ရပါတယ်.. နင့်ဘာသာပဲ အဆင်ပြေအောင် နေ''
''ပြေပါတယ်ဟာ..ခုဆို အိမ်ကလည်း အရင်ကလောက် မပို့ရတော့ဘူးလေ''
နှစ်ယောက်သား ကော်ဖီအ ရသာခံရင်း ခဏငြိမ်နေမိကြ တယ်။ ဆိုင်အပြင်ဘက်မှာ တော့ ခုနေအေးမြနေလောက် ပြီ။ အတွင်းထဲမှာတော့ အနွေး ဓာတ်နဲ့မို့ နွေးထွေးလို့။
ကောင်တာမှာတော့ မိန်း ကလေးနှစ်ယောက်ဟာ စက်ရုပ် လေးတွေလိုပဲ ဝယ်သူတွေနဲ့ အ လုပ်ရှုပ်နေတယ်။ တစ်ယောက် ကတော့ တရုပ်နွယ်ဖွားလို့ သိ သာစေတဲ့ ရုပ်ရည်နဲ့။ နောက် တစ်ယောက်ကတော့ ရုတ်တ ရက်အကြည့်မှာ မြန်မာပဲလို့ထင် ရတယ်။ ဆံပင်နက်နက်၊ အ သားညိုညို။
ကျွန်မတို့နှစ်ယောက် ကော်ဖီစောင့်နေရင်းက စကား ပြောဖြစ်တော့ မြန်မာစကားသံ ကြောင့်လားမသိ။ မိန်းကလေး က မျက်လုံးလေးဝင့်ကြည့် တယ်လို့ ထင်လိုက်မိတယ်။ အင်းလေ..မြန်မာမလေးဟုတ်ရင် လည်း ဟုတ်မှာပါ။ တခြားအာ ရှနွယ်ဖွားလည်းဖြစ်ရင်ဖြစ်နိုင် တာပဲ။ အသက်က အလွန်ဆုံး ရှိမှ နှစ်ဆယ့်သုံး၊ နှစ်ဆယ့်လေး နှစ်ဝန်းကျင်ပေါ့။ ကျောင်းသူမ လေးတွေရဲ့ တစ်ဖက်က ညနေ ခင်းဘဝဟာ ကျွန်မတို့ မျက်စိ ရှေ့မှာတင် အရိပ်ထင်နေတယ်။
ကောင်တာက မိန်းက လေးကို ကျွန်မငေးကြည့်နေ တုန်း''တစ်ယောက်က မြန်မာ ထင်တယ်''လို့ သူက တီးတိုး ပြောတယ်။ 
''ငါလည်း ဒီလိုထင်တာပဲ ခိုင်ရဲ့..တခြားလူမျိုးလည်း ဖြစ်နိုင်တာပဲ ဒါပေမဲ့ငါ့စိတ်ထဲ မှာ မြန်မာလို့ကို ထင်နေတယ်''        တစ်ချက်တစ်ချက် ဝေ့က နဲရောက်လာတတ်တဲ့ မိန်းက လေးရဲ့အကြည့်တွေကို ကျွန်မ စိတ်မှာ အလိုလိုနားလည်နေသ လိုခံစားရတယ်။ မြန်မာတွေပဲ နော်လို့ ရင်းနှီးနွေးထွေးလိုက်တဲ့ အကြည့်လို့ ခံစားရတယ်။ မြန် မာမလေးသာဖြစ်ရင် သူဘယ် မြို့ကလာလေသလဲ..။ အိမ်ကို ရော ပြန်ဖြစ်ပါရဲ့လား။ အိမ်မ ပြန်ဖြစ်တာကြာလို့ အိမ်လွမ်းနေ တဲ့မိန်းကလေးများလား စသည် ဖြင့် ကျွန်မတောင်စဉ်ရေမရ တွေးနေမိပါရဲ့။
ကျွန်မကိုယ်တိုင်က အိမ်နဲ့ မိုင်ပေါင်းရာချီဝေးကွာ ရှင်သန် နေရတဲ့အတွက် အိမ်ကိုခွဲခွာရ သူတွေကို ဘယ်တော့မဆို ကိုယ်ချင်းစာနိုင်ခဲ့ပါတယ်။ အ ထူးသဖြင့် ကျွန်မသူငယ်ချင်း လေးလို၊ ဟောဟိုက မိန်းက လေးတွေလို ရေမြေခြားခွဲခွာရ သူတွေကို ပိုလို့ ကိုယ်ချင်းစာ နိုင်ခဲ့ပါတယ်။
တကယ်တော့ ချစ်ခင်သူ တွေကို ခွဲခွာရတာ ဘယ်မှာ လွယ်ပါ့မလဲ..။ အိပ်မက်တွေ ကြောင့်သာ ခွဲခွာကြရတယ်။ တိုးတက်လွတ်လပ်တဲ့ဝန်းကျင် မှာ အိပ်မက်ကို ရုပ်လုံးသွင်းဖို့ အတွက် နှလုံးသားကို အဝေး မှာ ထားရစ်ခဲ့ကြရတယ်။
ပိုပြီးကောင်းမယ့် အနာ ဂတ်ကို အိပ်မက်ရင်းပဲ ပစ္စုပ္ပန် ကို အသားတကျထုဆစ်ကြရ တယ်။ စိတ်နှလုံးနဲ့ ရှင်သန်ရ တာမဟုတ်တဲ့အခါ လူဟာ တ ဖြည်းဖြည်းစက်ရုပ်ဆန်လာမ လား မပြောတတ်ဘူး။
ကျွန်မရှေ့က သူငယ်ချင်း ကတော့ ခုချိန်ထိ လူသားဆန် တုန်းပါပဲ။ ဒါကို သူ့အပြုံးတွေ၊ သူ့မျက်လုံးတွေမှာ မြင်ရတယ်။
''ကျောင်းပြီးရင် ပြန်လာမှာ လား''လို့ အခါများစွာ မေးခဲ့ဖူး တဲ့မေးခွန်းကို ကောက်ကာငင် ခါလို မေးတော့ သူကပြုံးတယ်။
''ပြန်လာမှာပေါ့ဟာ..ဒါပေ မယ့် ငါပြန်လာရင် ငါသင်လာ တဲ့ ပညာတွေ ပြန်သုံးရတဲ့ အ လုပ်ကလည်း ရှိဦးမှဖြစ်မှာ''
''ရှိမှာပါဟာ..ပြန်သာလာ ပါ''
သူက ရယ်နေတုန်းပဲ။ အင်းလေ..သူ့စကားအတိုင်းပဲ ပြန်လာနိုင်တာပဲဖြစ်ဖြစ်၊ ပြန်မ လာနိုင်တော့တာပဲဖြစ်ဖြစ် အရာ ရာကို နားလည်နိုင်ဖို့ ကျွန်မအ ဆင်သင့်ဖြစ်ခဲ့ပါပြီ။ အရင်ကလို စကားနာထိုးဖို့လည်း စိတ်မပါ လှတော့ဘူး။ ကျောင်းတုန်းက လို သူနိုင်ကိုယ်နိုင် စကားနိုင်လု ရမယ့် အချိန်တွေလည်း မဟုတ် တော့ဘူး။ ပစ္စုပ္ပန်ကို ကျွန်မနား လည်နိုင်ခဲ့ပြီ။ သူရှင်သန်ကျင် လည်နေတဲ့ ဝန်းကျင်ကို သိမြင် နားလည်ရတဲ့အခါ အပြန်ခက် တယ်ဆိုလည်း ကျွန်မထူးပြီးအံ့ သြမနေတော့ပါဘူး။
ခဏတစ်ဖြုတ် ပြန်ဆုံကြ တဲ့အခါ အချိန်နာရီတွေကို ဘယ်လိုပဲ ဆွဲဆန့်ထားချင် တယ်ဆိုဆို မကြာခင်မှာ ခွဲရ တော့မယ်လို့ ကျွန်မတို့နှစ် ယောက်လုံး နားလည်ကြရ တယ်။
သူလည်းမျက်နှာမကောင်း သလို ကျွန်မလည်း မျက်နှာ ပျက်ယွင်းနေမှာပဲ။ ဘယ်တတ် နိုင်ပါ့မလဲသူငယ်ချင်းရယ်..။ ဒါကိုက ဘဝပါပဲ။ တစ်နေ့ပြန်  ဆုံမယ်လို့ တွေးတတ်ရင်တော့ အရာရာဟာ ခွန်အားဖြစ်ပါ တယ်။ ကျွန်မစိတ်ထဲက နှစ် သိမ့်စကားဆိုမိပေမယ့် နှုတ်က တော့ ပြောမထွက်ဘူး။ ကျွန်မ က ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောခဲလှတဲ့သူ။ ဒါ ပေမယ့် မျက်လုံးမှာထင်တဲ့အ ရိပ်တွေကိုတော့ သူနားလည် လောက်ပါရဲ့။
''သန်ဘက်ခါမနက် ငါ လာ နှုတ်မဆက်တော့ဘူးနော်။ ဒီနေ့လည်း ကျောင်းဖျက်လာရ တာဟ..ပြီးတော့လည်း ငါငိုမိ လိမ့်မယ်..''
''အေးပါ..မလာပါနဲ့ဟာ.. ခုတွေ့ရတာကိုပဲ ဝမ်းသာလှပါ ပြီ''
''နင်ငိုမနေနဲ့ဦးနော်''
ခွဲခွာရတိုင်း ကျွန်မမျက် ရည်ကျတတ်တာကို သူက မ မေ့သေးဘူး။
''မငိုပါဘူးဟာ..ငါ လူကြီး ဖြစ်နေပြီပဲ''
နှစ်ယောက်သား ပြိုင်တူ ရယ်မောမိကြတယ်။
ထိုင်ရာကနေ ထရပ်မိကြ တယ်။ ရယ်သံက နည်းနည်း များ ကျယ်သွားခဲ့လို့လားမသိ ဘူး။ ကောင်တာက မိန်းက လေးက ဖျတ်ခနဲလှမ်းကြည့် တယ်။ ကျွန်မတို့နှစ်ယောက် စိတ်ဝင်စားနေခဲ့တဲ့ မိန်းကလေး ပါပဲ။
အံ့သြစရာ သူ့နှုတ်ခမ်းမှာ ရင်းနှီးတဲ့အပြုံးတစ်စနဲ့။ ကျွန်မ ပြုံးပြီး ခေါင်းညွတ်နှုတ်ဆက် လိုက်မိတယ်။ နေရစ်တော့ ညီ မလေးရေ..။ တစ်နေ့နေ့တော့ အိမ်ပြန်ဖို့ကြိုးစားရင်း နေရစ်ခဲ့ ပါဦး။
မှန်တံခါးကို တွန်းဖွင့်ထွက် လိုက်တဲ့အခါ အေးမြတဲ့ပြင်ပ လောကက ကျွန်မတို့ကို သူစိမ်း ဆန်ဆန်နှုတ်ဆက်တယ်။
''ငါ ဒီကနေ နင့်ကို ဟို တယ်ပြန်ပို့မယ်..ပြီးမှ ဘူတာကို ပြန်လာမယ်..ဘူတာက ဟိုနား မှာလေ..''
''နေပါဟာ..ငါလမ်းမှတ်မိ ပါတယ်''
''ရပါတယ်..လိုက်ပို့ပါမယ် ဟာ..''
''နင်အပြန်နောက်ကျနေမှာ ပေါ့''
''အိမ်ရောက်ရင် ၁ဝ နာရီ ပေါ့ဟာ..ရပါတယ်..အလုပ်ပြီး ရင်လည်း ဒီအချိန်လောက်မှ အိမ်ပြန်ရောက်နေကျပဲဟာ''
''သဘော..လိုက်ပို့တော်မူ.. ဟိုတယ်မှာ ငါတစ်ယောက် တည်းကျန်နေခဲ့မှ မျက်ရည်ကျ ရရင် ငါ့ကို မရယ်နဲ့''
''မရယ်ပါဘူးဟ..''
 မရယ်ပါဘူးလို့ ပြောတဲ့ သူက နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်အောင် ပြုံးရယ်နေ ပြန်တယ်။ ခုနေခါ သူ့မျက်လုံး မှာရော ကျွန်မမျက်လုံးမှာပါ မျက်ရည်စတွေ ရှိနေမယ်ဆိုတာ နှစ်ယောက်လုံး အပြန်အလှန် သိနာလည်ကြပါရဲ့။
ဒါပေမယ့် ကျွန်မတို့ နှစ် ယောက်လုံး ပြုံးလို့။ သူက လည်းပြုံးလို့။ ကျွန်မကလည်း ပြုံးလို့။ ပြုံးရမှာပေါ့လေ။ မနက် ဖြန်ဆိုတာ ဒီနေ့ထက် ပိုလှလာ မယ်လို့ ဘယ်သူမဆို ယုံကြည် ခွင့်ရှိတယ်မဟုတ်လား..။      ။
စံပယ်ဖြူနု 
  (မေ၊ ၂ဝ၁ဝ၊ ရနံ့သစ် မဂ္ဂဇင်း)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More