မျက်နှာလွှဲ၏ မလွှဲ၏

  
  ''သမီးလေး''
    လမ်းသွယ်လေးထဲ လျှောက်လာနေခိုက် ခေါ် သံတစ်ခုသည် ကျွန်မ၏ နောက်ကျောဘက်ဆီက ပေါ်ထွက်လာခဲ့တာဖြစ် ပါသည်။ ပထမတော့ သည်ခေါ်သံဟာ ကျွန်မ ကို ရည်ညွန်းနေကြောင်း မသိခဲ့ပါပေ။ လမ်းက လူ သွားလူလာ ရှိသေးသည် မဟုတ်လား။ တစ် ယောက်ယောက်ကို လှမ်း ခေါ်တာ ဖြစ်မှာပါ။ အ တွေးနှင့် ခြေလှမ်းများကို ဆက်လှမ်းနေစဉ်မှာပဲ ခေါ်သံက နောက်တစ် ကြိမ်ထွက်လာပါသည်။
    သည်တစ်ကြိမ်မှာ တော့ ခေါ်သံက ကျွန်မ ၏ နောက်ကျောဆီက နီးနီးကပ်ကပ်ပေါ်လာသည် သို့ ရှိ၏။ ဒါနှင့်ပင် စူး စမ်းလိုစိတ်နှင့် လှည့် ကြည့်ရပါသည်။
    ''သမီးလေး..'' 
   သြော်..။ အသက် ၅၀ ၀န်းကျင် အမျိုးသမီးတစ်ဦးသည် ကျွန်မကို တ ကယ်ပင် ရည်ညွန်းခေါ် ဆိုနေတာဖြစ်ပါသည်။ သူ့မျက်ဝန်းများသည် ကျွန်မကို စူးစိုက်လျက်။ နှုတ်ခမ်းများက မ၀ံ့မရဲ ဟန်ပန်စွက်သော်လည်း ပြုံးမြလျက်။ သူ့ကို တစ် နေရာရာများ တွေ့ဖူး သလား။ သို့သော် ကျွန်မ နှင့် ရင်းနှီးသိကျွမ်းသူ မဟုတ်တာ သေချာပါ သည်။
    ''အဒေါ်က မြောက်ဒ ဂုံသွားချင်လို့ပါကွယ်။ အဲဒါ...''
    သြော်..ကားမှတ် တိုင် ရှာမတွေ့လို့ မေးချင် တာထင်ပါရဲ့။
    ကျွန်မ ရောက်နေ သော လမ်းသွယ်လေး သည် တာမွေ အ၀ိုင်းထိပ် ကားမှတ်တိုင်နှင့် မဝေး တော့ပါပြီ။ ကားမှတ် တိုင်ကို ရှာရင်း လမ်း ပျောက်လေသလား။
    ''ကားမှတ်တိုင်က မ ဝေးတော့ဘူးအဒေါ်ရဲ့။ ဒီဘက်က သွားရင် ရောက်မှာပဲ။ ကျွန်မ လည်း သွားမလို့ပဲ။ လိုက် ခဲ့ပါလား''
    အမျိုးသမီး၏ မျက် နှာတွင် မသဲကွဲသော အ ပြုံးတစ်ချက်ပေါ်လာပါ သည်။
    ''အဲဒီဘက် မှတ်တိုင် က မသွားဘဲ..အဲ..ဒီ ဘက် မှတ်တိုင်က သွားမ လို့''
    သူညွှန်သော တစ် ဖက်မှာ တာမွေ ကျောင်း ရှေ့မှတ်တိုင်ရှိသောဘက် ဖြစ်ပါသည်။ လမ်းမသိ ၍ မေးတာဟု ထင်ခဲ့ သော်လည်း တကယ့်တ ကယ်တော့မဟုတ်ပါ လား။ သူက လမ်းကို သိ နှင့်နေသူ။ တကယ်တမ်း သူပြောချင်တာ ဘာများ ပါလိမ့်။ ကျွန်မ မျက် မှောင်များ ကျုံ့မိလေသ လားမသိ။ အမျိုးသမီး၏ မျက်နှာတွင် တောင်းပန် တိုးလျှိုလိုဟန်ပေါ်လာ ပါသည်။
    ''အဲဒါ လမ်းစရိတ် လေး နည်းနည်းလောက် အကူအညီတောင်းမလို့။ ပိုက်ဆံအိတ်ကျပျောက် သွားတာနဲ့''
    ''သြော်''
    သည်တစ်ကြိမ်တော့ ဘာပြန်ပြောရမည်လဲ ရုတ်တရက် မတွေးနိုင် ဖြစ်ကာ ကျွန်မ နှုတ်ဆွံ့ သွားမိပါသည်။ ကြားဖူး သော ဇာတ်လမ်းများစွာ ရှိသေးသည်မဟုတ်လား။ သူတို့သည် ဇာတ်လမ်း များကို မထပ်အောင် ပြောတတ်ကြသည်လို့ ကြားဖူးသည်။ ပွင့်ပွင့် လင်းလင်း ငွေတောင်းခံ တတ်သူများကိုသာ ကျွန် မက ကြုံခဲ့ဖူးသူပင်။ မျက် နှာလွှဲသည့်အခါလည်းရှိ၊ ဘာမှမဖြစ်လောက်ပါဘူး လေဟု တွေးကာ ပေးဖြစ် သည့်အခါလည်း ရှိပါပေ သည်။ ခုတော့ ဇာတ် လမ်းတစ်ခုသည် ကျွန်မ ရှေ့ကို ရောက်နေပြီ။ တွေ ဝေနေသော မျက်နှာမူရာ ကြောင့်ပဲလား။ သူက စ ကားဆက်ပြန်ပါသည်။
    ''မယုံလို့လား ကလေး ရဲ့။ အဒေါ်က မရိုးမသား မပြောပါဘူး။ မညာပါ ဘူး။ တကယ်ကို အပြန် လမ်းစရိတ်လိုနေတာပါ''
    ''မြောက်ဒဂုံကိုနော်''
    အခုမှပင် ကျွန်မ၏ အသိညဏ်က ပွင့်လင်း လာပြီ။ အလွယ်ဆုံးဖြစ် မည့် ဖြေရှင်းနည်းကို သိ ပြီ။
    ''ကျွန်မနဲ့ လိုက်ခဲ့ပါ နော်။ အ၀ိုင်းထိပ် မှတ် တိုင်မှာ မြောက်ဒဂုံကို တိုက်ရိုက်ရောက်တဲ့ကား တွေရှိပါတယ်။ ကျွန်မက ကားပေါ်တင်ပေးလိုက် ပါ့မယ်''
    ''သြော်..တူမက မယုံ ဘူးကိုး''
    သူက စိတ်မကောင်း ဖြစ်ဟန်ဖြင့် သက်ပြင်း ရှိုက်လျက်ဆိုပါသည်။
    ''မဟုတ်ပါဘူး။ လမ်း ကြုံနေတာပဲဟာ။ ဟို ဘက်မှတ်တိုင်ကမြောက် ဒဂုံကားမရှိဘူးထင်တာပဲ''
    ''အဒေါ်က နှစ်ဆင့်စီး မှာ။ ဒီဘက်ကပဲ စီးမှာ''
    သြော်..ခက်ပြီ။ သူက လည်း လျှော့မည့်ပုံမမြင်။  မရိုးသားဘူးဟု ကျွန်မ တစ်ထစ်ချ ကောက်ချက် ချလိုက်ပါသည်။ တ ကယ်တမ်း ဒုက္ခတွေ့ရလို့ ကတော့ ဘယ်လောက်ပဲ ကူညီရပါစေ။ သည်လိုအ မှန်အတိုင်း မပြောတတ် သူများကိုတော့ ကူညီလို စိတ်မရှိလှပါ။ လိမ်ညာ ခြင်းကို အားပေးသည်ဟု သာ ကျွန်မ မြင်ပါသည်။
    ''လိုက်ခဲ့ပါ အဒေါ် ရယ်။ ကျွန်မ ကားပေါ် တင်ပေးလိုက်မှာပါ''
    နောက်ဆုံး တစ်ကြိမ် ဟု သဘောထားကာ ကျွန်မ ထပ်ပြောမိပါ သည်။ သူ့မျက်နှာပေါ် တွင် စိတ်မကောင်းဟန် စွက်သော အပြုံးက ပေါ် လာပြန်ပါသည်။
    ''သြော်..အဒေါ့်ကို မယုံဘူးနော်။ တကယ် ဒီဘက်မှတ်တိုင်က စီးရ မှာမို့လို့ပါ''
    အင်းလေ..ပြီးတာပဲ။ ကျွန်မ ကျောခိုင်းလှည့် ထွက်ခဲ့ပါသည်။ သူက ထပ်ခေါ်သေးသည်ကို ကြားရ၏။ လှည့်မကြည့် လိုတော့ပြီ။ ဘာကြောင့် များ အမှန်အတိုင်းမပြော နိုင်ရတာပါလိမ့်။ ၀တ်ပုံ စားပုံကဖြင့် ထင်ရက်စ ရာမရှိပါ။ သပ်ရပ်သော ဟန်ပန်ကိုပင် ပြန်မြင် ယောင်လာပါသည်။ ပွင့် လင်းရိုးသားသည်ဟု မြင် ရသော မျက်နှာ။ ကျွန်မ ခြေလှမ်းများကို ဗြုန်းက နဲ ရပ်တန့်ကာ နောက် ကျောဘက်သို့ လှည့် ကြည့်မိသည်။ သူ့ကို တော့ ခပ်အေးအေးပင် ဆက်လျှောက်ကာ ပတ် ၀န်းကျင်ကလူများကို စ ကားဆိုရန် စူးစမ်းနေဟန် ကို မြင်ရပါသည်။ တ တကယ်ပင် အကူအညီ လိုနေသည်ကို ရိုးရိုးသား သားပြောပြနေတာလား။         အမှန်အတိုင်း ပြော နေတာဆို ကျွန်မ မျက် နှာလွှဲခဲ့ခြင်းသည် မှားယွင်းရာရောက်နေပြီ။  ငွေကလည်းဘယ်လောက် မှ ပေးရမှာမဟုတ်ပါဘဲ။  ခြေလှမ်းများကို နောက် ပြန်လှည့်ရန် ပြင်လိုက် ချိန်မှာပင် သူသည် လူ တစ်ဦးနှင့် စကားစနေ ပြန်သည်ကို တွေ့ရပါ သည်။ ဒါနှင့်ပင်မျက်နှာ တကယ်လွှဲခဲ့ရတော့သည်။ ကူညီလိုသူတွေ့လောက် ပါရဲ့။
    သို့သော် လိုင်းကား ပေါ်ရောက်သည်အထိ ပင် ကူညီသင့်လျက်နှင့်  မကူညီမိခဲ့တာလားဟု တွေးဆဲ။ လိမ်ညာတာမ ဟုတ်ဘဲ တကယ်အကူ အညီတောင်းခဲ့တာများ လား။
    အတွေးများစွာ ရှုပ် ထွေးလျက် စိတ်ထဲ မ ရှင်းလင်းလှသည်လို အိမ်ပြန်ရောက်လျှင်  ဒေါ်လေးတို့ကို ပြောပြ မိပြန်သည်။ ဒေါ်လေးက စကားဆုံးသည်နှင့် ဟက် ဟက်ပက်ပက်ပင် ရယ် မောပါသည်။
    ''ညည်းကလည်း ရန် ကုန်ကို မနေ့တစ်နေ့က ရောက်လာတာကျနေတာ ပဲ။ ဒီလို ဇာတ်လမ်းမျိုး တွေက မဆန်းတော့ဘူး ဟဲ့။ ဖိနပ်အပြတ်ကြီး စီး ပြီး ဖိနပ်ပြတ်လို့ပါလို့ အ ကူအညီတောင်းတာမျိုး၊ ဈေးဗန်းမှောက်ကျတယ် ဆိုတာမျိုးစုံလို့ပဲ။ ဆေး လာကုရင်း နယ်ပြန်ဖို့ လမ်းစရိတ်ပြတ်သွားတယ် ဆိုတာမျိုးလည်း ရှိသေး တယ်။ စုံလို့..စုံလို့ဟေ့'' ဟု ရယ်ရယ်မောမော ဆို ပါသည်။
    ကျွန်မသည် ဒေါ် လေးပြောမှပင် စိတ်ထဲ မတင်မကျနှင့် စိတ်မ ကောင်းသလို အပြစ်မ ကင်းသလို ခံစားရ သည်ကို မေ့ဖျောက်နိုင် လာပါသည်။  နို့မို့ဆို ရိုးသားဟန်စွက်သောဖြူဖြူပြည့်ပြည့် မျက် နှာတစ်ခုကို မြင်ယောင် မြဲဖြစ်ရဦးမည်။
    ''ငါတော့ အခု ဘယ် သူပဲ ဒီလို ဇာတ်လမ်း ဆင်ဆင် လှည့်မကြည့်ပါ ဘူးကွယ်။ အရင်ကတော့ ဒီလို ဘယ်ဟုတ်မလဲ။ လမ်းဘေးမှာ နာနတ်သီး တွေ မှောက်ကျလို့ဆိုပြီး ဗန်းကလေးကိုင်လို့ ငိုနေ တဲ့ကလေးလည်း သနား ပြီး မရှိရှိတဲ့ကြားက ပေး ဖူးတယ်။ ကားပေါ်မှာစာ တွေလိုက်ဝေတဲ့ကလေး တွေလည်း သနားပြီး အ ကြွေလေးရှိတာထုတ်ပေး တယ်။ အားလုံးကို သ နားနေတော့တာပဲ။ အခု တော့လည်း ဇာတ်လမ်း တွေကြားရဖန်များတော့ စိတ်ရှုပ်လာတာပဲဟဲ့။ အ ထူးသဖြင့်တော့ ငါ့လာ လိမ်တယ်ထင်ရင် လှည့် ကိုမကြည့်ချင်တော့တာ''ဟု ဒေါ်လေးက စကားဆက် ပါသည်။
    ကျွန်မကတော့ ကား မှတ်တိုင်များတွင် တွေ့ရ တတ်သော ကလေးငယ် များကို မြင်ယောင်နေပါ သည်။ သူတို့က ထမင်း ဖိုးလေးပါဟု ဆိုစဉ်တွင် ကျွန်မ၌ ကိုယ့်ထမင်းတစ် နပ်စာဖိုးထက် နည်းနည်း မျှသာ ပါသည့်အခိုက်နှင့် ကြုံလျှင် ဘာကိုမှန်းမသိ အားနာကာနေသည်။ ညစ်ထေးထေး မျက်နှာ လေးများတွင် မျက်လုံး များက ကျီးကန်းတောင်း မှောက်ဖြစ်ရသည်ကို စိတ်မကောင်းဖြစ်သည်။ သို့သော် ကျွန်မ ဘာများ တတ်နိုင်ပါမည်နည်း။
    တစ်ခါတလေတွင် တော့ စားသောက်နေ ခိုက် အနားလာရပ်သည့် အခါ၊ ဗိုက်ကလေးဆာ လို့ပါဟုဆိုလာသည့်အ ခါ စိတ်တိုတောင်းချင် သည်။ ကလေးက ဗိုက် ဆာနေလို့ပါဟု ကလေး ပြကာပြောတတ်သော မိန်းမများကို မြင်ရလျှင် ဘာပြန်ပြောရမည်မသိ။ လက်တို့ကာ မပေးမချင်း အနားမှာရစ်သီနေတတ် သော ကလေးတို့ကို မြင် ရလျှင် သနားသော်လည်း စိတ်ရှုပ်လာတတ်သည်။ သွားပါဦးဟု ဆိုရလျှင် လည်း အားနာနေပြန် သည်။
    သည်နောက်ပိုင်းမှာ တော့လည်း အခက်အခဲ ကြုံရဟန် အကူအညီ တောင်းတတ်လာတာတွေ ကို နည်းလမ်းတစ်သွယ် ပြောင်းသလို တွေ့လာရ ပါသည်။ ဇာတ်လမ်းဆင် သည်ဟု စိတ်မှာထင်မြဲ ဖြစ်သော်လည်း အမူအ ရာက ပီပြင်လှလေရာအ ခါများစွာ ဇဝေဇ၀ါဖြစ် လာရသည်။ ပေးမိသည့် အခါလည်းရှိ၊ မပေးဘဲ မျက်နှာလွှဲနေသည့်အ ခါလည်း ရှိပါပေသည်။ ဘာကိုမှန်းမသိ အပြစ် ဆိုချင်သလို စိတ်မသက် မသာလည်းဖြစ်ရမြဲ။             လူနေမှုဘ၀အတွက် ခက်ခဲပင်ပန်းခြင်းသည် လိမ်ညာတတ်စေရန်ဖန်တီး ပေးသော နောက်ခံအ ကြောင်းတရားလား။ လူ တို့၏ ရိုးသားခြင်းကို ဆင်းရဲပင်ပန်းခြင်းက ဖျက်ဆီးနိုင်သလား။ ကျွန်မ မတွေးတတ်ပါ။
    ပတ်ဝန်းကျင်မှာ တော့ ဇာတ်လမ်းများကို တစ်ယောက်ပြောလျှင် တစ်မျိုး ကြားရမြဲ။ ဇာတ် လမ်းများက ခပ်ဆင် ဆင်။ အမျိုးသား၊ အမျိုးသမီး၊ ကလေး စသည် ဖြင့် ဇာတ်ကောင်တို့သာ ပြောင်းသွားကြသည်။ သူ တို့ပြောတတ်သော ဇာတ် လမ်းတို့သည် ရင်နာဖွယ် အတိပြီးနေတတ်သည်။ ကြာတော့လည်း ကျွန်မ မှာ သံသယစိတ်များလာ ပါတော့သည်။
    တစ်ရက်မှာတော့ ည နေခင်း ကျွန်မရုံးက ပြန် ရောက်လျှင် ဒေါ်လေးက မနက်တုန်းကပေါ့ဟု စကားစပါသည်။
    ''မိန်းမတစ်ယောက် ဟယ် ကလေးလေး ပိုး လို့။ ကလေးနေမကောင်း လို့ ဆေးရုံမှာ ပြချင်တာ တဲ့။ လမ်းစရိတ်လေး နည်းနည်းလောက် ကူညီ ပါတဲ့။ သားအမိလေး ကြည့်တော့ သနားစရာ။ ဒါနဲ့ပဲ ကူညီလိုက်ပါမယ် လေဆိုပြီး''
    ''ဒေါ်လေးဟာက တ ကယ်နေမကောင်းတာ ဟုတ်လို့လား''ဟု ကျွန်မ က စကားဖြတ်မေးလိုက် ပါသည်။
    ''ငါလည်း တွေးမိတာ ပေါ့။ ကလေးကို စမ်း ကြည့်တော့ ကိုယ်က တော်တော်ကို ပူနေတာ ဟဲ့။ ဒါပေမယ့် လက်ထဲ ကို      ငွေထည့်မပေးလိုက် ဘူး။ လမ်းထိပ်ထွက်ပြီး ဦးကိုကြီး တက္ကစီပေါ် တင်ပေးလိုက်ရတယ်။ ဦးကိုကြီး လက်ထဲကိုပဲ တက္ကစီခ တစ်ခါတည်း ထည့်ပေးလိုက်တယ်။   ကိုယ်လည်း ကူညီရတာ စိတ်သန့်သွားတာပေါ့''ဟု ဒေါ်လေးက အရယ်တစ် ၀က်နှင့် ဆို၏။
    သည်လိုဆိုတော့ လည်း ဒေါ်လေး အစီအ စဉ်က ဟုတ်လို့ပါလားဟု ကျွန်မတွေးလိုက်ပါသည်။ ဦးကိုကြီးဆိုတာကလည်း ဒေါ်လေးတို့ လမ်းထဲမှာ ပင် နေသူ။ ဖြစ်ရပ်က လည်း ခပ်ရိုးရိုးပါပဲ။ အမှန်တကယ် အကူအ ညီလိုအပ်၍ အကူအညီ  တောင်းသူများလည်း ရှိမည်။ သည်လိုဆိုတော့ လည်း ကူညီသူရော အ ကူအညီတောင်းသူရော နှစ်ဦးနှစ်ဖက် အဆင်ပြေ တာပဲပေါ့။
    သာမန်ကာလျှံကာ နားထောင်ပြီးစီးသွားခဲ့ သော ဇာတ်လမ်းသည် တစ်နံနက်ခင်းမှာတော့ တစ်ကျော့ပြန်နိုးထလာ ပြန်ပါသည်။
    အဲသည်နံနက်ခင်း က လမ်းထဲမှ ဈေးက လေးဆီ ကျွန်မတို့ သွား နေခိုက် ဒေါ်လေး နာ မည်ကို ခေါ်၍ နှုတ် ဆက်သံတစ်ခုက ပေါ် ထွက်လာပါသည်။ လှမ်း ကြည့်လိုက်တော့ ဦးကိုကြီးပါပေ။ သူသည် ကျွန်မတို့ရှိရာ လမ်း ဘက်ခြမ်းကို ကူးလာပါ သည်။
    ''ဒေါ်ထားထား ဟို တစ်နေ့က တက္ကစီငှား ပေးတဲ့ အမျိုးသမီး မှတ် မိသေးရဲ့လား''
    ''မှတ်မိပါတယ်။ ဘာ ဖြစ်လို့တုန်း။ ကလေးက တော်တော်ပဲ အခြေအနေ မကောင်းဘူးလား''
    ''ကလေးက တကယ် နေမကောင်းတာပါ။ နွမ်း နေတာပဲ။ ဒါပေမယ့် ဆေးရုံတော့ မရောက် လိုက်ပါဘူး''
    ''ဘာရယ်..''
    ဒေါ်လေးပင်မက ကျွန်မမှာလည်း အံ့အား တသင့်ဖြစ်သွားရသည်။ သူ ဆက်ပြောမည့်စကား ကိုလည်း စိတ်စောနေမိ ကြသည်။
    ''လမ်းမကြီးပေါ် လည်းရောက်ရော ဦး လေးရယ်တဲ့။ ဆေးရုံမပို့ ပါနဲ့တဲ့။ ဒီမှာပဲရပ်ပေးပြီး ကျွန်မကို ကားခထဲက နည်းနည်းမျှပါလားတဲ့''
    ဦးကိုကြီးက တစ် ချက်မျှ ရယ်မောလိုက်ပါ သည်။
    ''ကျုပ်လည်း ကလေး က နေမှမကောင်းတာ သွားမှပေါ့လို့ ပြောရ တယ်။ အဲဒီတော့ ဘာ ပြောတယ်မှတ်လဲ။ ကျွန် မတို့ရပ်ကွက်ထဲတင် စပ် ဆေးလေး ၀ယ်တိုက် လိုက်ပါမယ်တဲ့။ ပိုက်ဆံ လေးသာ နည်းနည်းခွဲ ပေးပါ၊ တစ်ယောက်တစ် ၀က်ဖြစ်ဖြစ် ယူကြတာ ပေါ့တဲ့။ ကလေးကို မုန့်လေး ဘာလေးကျွေး ချင်သေးတာတဲ့။ ကောင်း ရော။ ဒီတော့ ကျုပ် လည်း ဘယ်နေနိုင်မလဲ။ ကားရပ်ပေးရတာပေါ့။ ကဲ မယ်မင်းကြီးမရယ်။ ခွဲမနေနဲ့။ အားလုံးသာ ယူသွားပေတော့ဆိုပြီး နှစ်ထောင်လုံးပေးလိုက် တယ်။ ဒါနဲ့များ ညည်း ဆေးရုံသွားမယ်ပြောနေ ရသေးသလားဆိုတော့ ဒီ လို တက္ကစီပေါ် တင်ပေး မယ်မှ မထင်ဘဲတဲ့ ဒေါ် ထားထားရေ ဖြစ်ပုံက''
    ''ဟော့တော်''
   ဒေါ်လေးနှုတ်က အာ မေဋိတ်သံ ထွက်ကျလာ သည်။ ဦးကိုကြီးကတော့  တဟားဟားရယ်မော လျက်။  
    သည်ခဏမှာတော့ ကျွန်မ စိတ်ထဲ အားနာသ လို ရှိရသည်မှာ ဒေါ်လေး ၏ မျက်နှာတွင် ပြီးခဲ့ သည့်တစ်ရက်ဆီတုန်းက တွေ့ခဲ့ဖူးသော ပီတိများ ကိုသာဖြစ်ပါသည်။
စံပယ်ဖြူနု 
the Ladies ဂျာနယ်
(မေလ ၂၀၁၂ခုနှစ်)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More