အိပ်မက်နှင့် အနီး . . .အဝေး


ပြုံးနေသော မျက်နှာ ကလေးကို ငေးကြည့်ကာ သည်ရုပ်သွင်ကို မြင်ဖူးလှ ချည်ရဲ့ဟု အောက်မေ့မိပါ သည်။ သို့သော် ဘယ် မှာ မြင်ဖူးပါလိမ့်။ စဉ်း စားလို့လည်းမရ။ ရင်း ရင်းနှီးနှီးသိတာကတော့ သေချာသည်။
အသားဖြူဖြူ၊ မျက် နှာဝိုင်းဝိုင်းနှင့်ဆယ်ကျော် သက်အရွယ် ကောင်က လေး။ သူ့အပြုံးမှာ ကျွန်မကို များစွာရင်းနှီးစေသည်။ သူ့ကို မြေနီ ကုန်းက ကြေးအိုးဆိုင်မှာ တွေ့ခြင်းဖြစ်သည်။ နေ ရာယူမိသည်ဆိုလျှင်ပဲ ဘာမှာမလဲအစ်မဆို သောအသံနှင့် စားပွဲလေး တစ်ဦး အနားကပ်လာ သည်ကို မျက်လုံးထောင့် မှမြင်ရသည်။ မီနူးကို ငုံ့ ဖတ်ဆဲ အစ်မ လှည်း တန်းအဆောင်က အစ်မ ဖြူမဟုတ်လား ဟုမေးတာကြုံရ သည်။
တအံ့တသြနှင့် မော့ ကြည့်လျှင် သည်ပြုံးနေ သော မျက်နှာကို တွေ့ရ သည်။ တကယ်ပင် ရင်း ရင်းနှီးနှီးရှိသည်ဟု ခံစား ရသော်လည်း အစဖော်မ ရ။ ကျွန်မ၏ ဇဝေဇဝါ မျက်နှာကို သူကလည်း ရိပ်မိပုံရပါသည်။ ဘာမှ တော့ ဆက်မပြော။
ကျွန်မ ပြုံး၍သာ ခေါင်းညိတ်ပြလိုက်ကာ စားသောက်ဖွယ်တို့ကိုမှာ ရသည်။ သည်ကြားထဲ ဘယ်သူပါလိမ့်လို့တော့ အပြေးအလွှားစဉ်းစားဆဲ။
သူသည် ဝိုင်းနားက မခွာခင် စက္ကန့်ပိုင်းမျှ ငြိမ်ရပ်နေသေးသည်။ ပြီးမှ မရဲတရဲမေးသည် မှာ
'မဆုန်ရော မပါဘူး လားဟင် အစ်မ..'
'မပါ..ဟင်'
ကျွန်မ တအံ့တသြ မော့ကြည့်လိုက်တော့ သူ သည်ဆိုင်အနောက်ဘက် သို့ လှစ်ကနဲထွက်သွား ပြီ။ မဆုန်..မဆုန်.. တဲ့။ ကျွန်မသူငယ်ချင်း ကို သည်လိုခေါ်တတ်သူ သည် တစ်ယောက်တည်း သာရှိခဲ့ပါသည်။ ခုတော့ ကျွန်မသူ့ကို မှတ်မိပေ ပြီ။
----
လွန်ခဲ့သော လေးနှစ် လောက်က သည်လူငယ် လေးကို ကျွန်မ စပြီးရင်း နှီးသိကျွမ်းခဲ့ပါသည်။ အဲ သည်တုန်းကတော့ သူ သည် ကလေးအရွယ်လို့ သာဆိုနိုင်သည်။ ထမင်း ဆိုင်က စားပွဲထိုးလေးဘ ဝမှာ စသိကြရသည်။ ထ မင်းဆိုင်သည် အဆောင် ဘေးမှာ ရှိသည့်အပြင် ကျွန်မတို့အခန်းကလည်း ဆိုင်နှင့် ကပ်လျက် ခြံ စည်းရိုးသားခြားသည့်အ တွက် ဆိုင်အနောက် ဘက်မှာတွေ့ရတတ်သည့် ကလေးကို သတိမထား ဘဲ နေလို့မရ။ ပြီးတော့ သူ့မျက်နှာလေးက လည်း မျက်နှာမြင်ချစ်ခင် ပါစေဆုနှင့် ပြည့်စုံပါ ပေသည်။
ေ၇ာက်စကတော့ သူ့ အမည်ကို ကျွန်မတို့မသိ ကြသေးပါ။ သူ့ကို သတိလည်းမထားမိကြ သေးပါ။ အလုပ်နှင့်၊ သင်တန်းနှင့်နီးသော အ ဆောင်ကို ရှာဖွေပြောင်း ရဖို့ဖြစ်လာသည့်အခိုက် နှစ်ယောက်ခန်းပါ တိုက် တိုက်ဆိုင်ဆိုင်ရသည်နှင့် ပြောင်းရွှေ့ခါစ။ အခန်း ရှင်းလင်းခြင်း၊ နေရာချ ခြင်း၊ ပတ်ဝန်းကျင် သစ်ကို စူးစမ်းခြင်းနှင့် ကျွန်မတို့နှစ်ယောက် သား အာရုံများနေဆဲ။ တစ်ညနေခင်းမှာတော့ နေသားတကျရှိလာသည့် အခိုက် နော်က ထုံးစံအ တိုင်း သီချင်းတစ်ပုဒ်ကို အသေအချာဆွဲငင်ကာ သီဆိုနေသည်။ ပြတင်း တံခါးကလည်း ဖွင့်ထား သည်။ ကျွန်မကဘာရယ် မဟုတ် တစ်ဖက်ခြံဆီ လှမ်းကြည့်မိလျှင် စူး စမ်းသည့်မျက်လုံးလေး များကို တွေ့လိုက်ရပါ သည်။
'ဟိုအစ်မအသံက ဆုန်သင်းပါရ်နဲ့တူတယ် ဗျနော်..အစ်မတို့က လူ သစ်တွေလား'ဟုလည်း တစ်ဆက်တည်းမေးသေး သည်။
'ဟုတ်တယ်လေ.. ဟိုတစ်နေ့ကမှ ပြောင်း လာတာ..'
သူ့ရှေ့တွင် ပန်းကန် ပုံကြီးမှာ တစ်ထပ်ကြီးဖြစ် နေသည်။ သူသည် ပန်း ကန်များကို တစ်ချပ်ချင်း ဆေးနေရင်းက နော့်သီ ချင်းသံကို နားစိုက် လျက်။
'နော်ရေ မင်းကို ဆုန် သင်းပါရ်တဲ့ဟေ့'ဟု ကျွန်မ လှမ်းပြောတော့ နော်က ပြတင်းဝဆီ လျှောက်လာသည်။
'ဘယ်သူလဲဟေ့ ငါ့ ကိုပြောတာ'
ခပ်ရွှင်ရွှင် မေးလိုက် သော နော့်စကားကို ချက်ချင်းမဖြေသေးဘဲ ခပ်ပြုံးပြုံးလုပ်နေလေ သည်။ ပြီးမှ တကယ်တူ တာအစ်မရဲ့တဲ့..။ အ ပြစ်ကင်းစင်သော မျက် နှာပေါ်က အပြုံးလေးမှာ ကရုဏာသက်စဖွယ်။ သည်ကတည်းကပင် ရေ စက်ပါသည်ဟု ဆိုရမလို အဲသည်မျက်နှာကလေး ကို ကျွန်မတို့ သနား နှစ်လိုစိတ်ဝင်ခဲ့ကြသည်။ ချစ်ခင်စိတ်ဝင်ခဲ့ကြလေ သည်။
'မင်း ဒီဆိုင်ကလား' ဟု နော်က စပ်စုလိုက် သေးသည်။
'ကျွန်တော်က စားပွဲ ထိုးလေ အစ်မရဲ့..။ ဆိုင်မှာ ဒီအဆောင်က အစ်မတွေ ထမင်း အမြဲ လာစားတော့ အားလုံးနဲ့ သိပြီးသား။ အစ်မတို့ ကိုသာ အခုမှ သိရတာ။ ထမင်းလာစားနော့ အစ်မ ..'
ရယ်ရယ်မောမော ဆို လိုက်တော့ မျက်နှာလေး က ပိုလို့နုနယ်သည်။ တစ်ဖက်ခြံသည် ထမင်း ဆိုင်ဆိုတာကိုတော့ ဘေး အခန်းကညွှန်းလို့ သိခဲ့ရ ပြီးပြီ။ သည်ကလေးကို တော့ သနားကမားရုပ် ရည်လေးကြောင့် စား ပွဲထိုးဆိုတာထက် ဆိုင် ၇ှင်၏ အမျိုးအဆွေ ဖြစ် မလားဟု ထင်ခဲ့ကြတာ ပင်။ ကလေးကတော့ သူ့ကိုယ်သူ ခပ်ရိုးရိုး မိတ်ဆက်သွားခဲ့ပါသည်။
ဘယ်အဆောင်ကို ပြောင်းသည်ဖြစ်စေ ထ မင်းဆိုင် ကောင်းကောင်း ရှာကာ ဆိုင်ထမင်းဟင်း နှင့် နီးစပ်မြဲဖြစ်သော ကျွန်မတို့နှစ်ဦးနှင့် ထ မင်းဆိုင်ရှင်သည်လည်း ကောင်း၊ ထမင်းဆိုင်က သူအပါအဝင် အလုပ်သ မားလေးများသည်လည်း ကောင်း နောက်ရက်များ မှာတော့ တဖြည်းဖြည်း ရင်းနှီးလာခဲ့ရလေသည်။ သည်အထဲ ဘယ်သူနှင့် ပိုလို့ရင်းနှီးကျွမ်းဝင် တယ်ရယ်တော့ အထူး ပြောဖို့မလိုပါ။ ဆိုင် နောက်တွင် ပန်းကန် ဆေးသည့်တာဝန်ကို ယူရမြဲဖြစ်သော ကလေး နှင့် အဲသည်အနီးက အခန်းမှာနေသည့် ကျွန်မ တို့မှာ ပြောစရာစကား တော့တစ်ခုမဟုတ် တစ်ခု ရှိ နေမြဲ။ မောင်ငယ်လေး တစ်ယောက်သဖွယ် ကရု ဏာစိတ်နှင့် ဆက်ဆံမြဲ။
သူသည် အသက်က ဖြင့် ၁ဝ နှစ်ကျော် ၁၁ နှစ်လောက်သာ ရှိဦး မည်။ တကယ်တော့ စာ သင်ခန်းမှာသာ ရှိနေရဦး မည့်အရွယ်။ ကလေး ပီပီအပူအပင်ကင်းစွာ ဆော့ကစားနေရမည့်အ ရွယ်ပါ။
ခုတော့ကလေးသည် ပန်းကန်ပုံတစ်ထပ်ကြား ထဲ ရောက်နေသည်။ လူ ကျချိန်မျိုးဆို ဆိုင်ရှေ့က စားပွဲများအကြား မှာ သည်များကို ချပေးခြင်း၊ ပန်းကန်သိမ်းခြင်းတို့နှင့် အပြေးအလွှား အလုပ်ရှုပ် နေတာကိုလည်း တွေ့ရ ပြန်သည်။ ဝယ်သူကို ပြုံးချိုမြဲဖြစ်သော ဆိုင်ရှင် ကလည်း သူတို့လို က လေးတွေကိုတော့ ဟောက်ဟမ်းတတ်တာ တွေ့ရသေးသည်။ ခက်ခဲ ပင်ပန်းမည့် ဘဝမှာ က လေးသည် ချီးကျူးဖွယ် လို့ဆိုရအောင် အပြုံး လေးတစ်စဆင်ထားတတ် သည်။ ထိုအပြုံးသည်ပင် သူ့ကိုယ်ပိုင် အမှတ်တံဆိပ် တစ်ခုလို။
ကျွန်တော့်ကို အမေ က ဖိုးသားလို့ပဲ ခေါ်တာ အစ်မရဲ့ဟု ပြောပြတတ် သည်နှင့် ကျွန်မတို့တ တွေလည်း သူ့ကို ဖိုး သားသာ ခေါ်ဖြစ်ခဲ့ကြ သည်။
သူသည် ဧရာဝ တီမြစ်ဝကျွန်းပေါ် ရွာက လေးတစ်ရွာကဖြစ်ပါသည်။ တစ်ရွာလုံးလိုလို တံငါ လုပ်သူလုပ်၊ လယ်စိုက် သူစိုက်ကြသည့်ရွာဖြစ် သည်။ ခြံပြီးပြောရလျှင် တော့ မြန်မာနိုင်ငံ၏ ကျေးလက်အတော်တော် များများလိုပင် က လေးများ ကျောင်းနေနိုင် ခြင်း၊ ပညာရေးဆုံးခန်း တိုင်ခြင်း နည်းပါးသော၊ ကျန်းမာရေးချို့ယွင်း လျှင် ဆေးဝါးကောင်း ကောင်းမှီဝဲရန် ခဲယဉ်း သော၊ ငွေကြေး တတ် နိုင်သူ လက်ချိုးရေလို့ရ သော ရွာကလေးမျိုးသာ ဖြစ်ပါသည်။
သူသည် လယ်ယာ မြေကို ကိုယ်တိုင်မပိုင် သော လယ်လုပ်သူ မိ သားစုမှာ ပေါက်ဖွားကြီး ပြင်းလာခဲ့သည်။ မောင်နှ မသုံးယောက်မှာ သားအ လတ်ဖြစ်သည်။ ငယ်စဉ် တုန်းကတော့ အစ်မနှင့် သူ့မှာကျောင်းနေရသေး သည်လို့ပြောပြပါသည်။ သို့သော် ထုံးစံအတိုင်း ပညာရေး ဆုံးခန်းမတိုင် ပါတဲ့။ ပထမတွင် အစ်မ လုပ်သူက ကျောင်းထွက် ရသည်။ အစ်မက အဖေ၊ အမေတို့နှင့်အတူ လယ် ထဲ လိုက်တန်လိုက် ဈေး ရောင်းတန်ရောင်းနှင့် ကြုံရာကျပန်း လုပ်ရ ရှာသည်။ ဒါလည်းပဲ မိသားစု၏ ဝန်ကပေါ့ တယ်မရှိသေး။ နောက် တော့သူပါကျောင်းထွက် ရသည်။ ငယ်သေးတော့ အလုပ်လုပ်ဖို့ တတ်နိုင် သေးသည်မဟုတ်။ အိမ် မှာညီမလေးကိုထိန်းရ သည်။ ထမင်းချက်ရ သည်။
တကယ်တော့ သူ တို့ပတ်ဝန်းကျင်တွင် မူလတန်းအောင်သည်ဆို သည်မှာ အမြင့်ဆုံးသော ပညာသင်ယူမှုသာ တည်း။ သည်မျှနှင့်ပင် ပ ညာရေးပြီးဆုံးပြီဆိုပါစို့။ ဒါသည် ထူးလို့ဝမ်းနည်း စရာမရှိပေ။ သို့သော် က လေးကတော့ အခြား သော ရွာက ကလေးများ နှင့်မတူ ပညာကို ခုံမင် ခဲ့သူမို့ စိတ်မကောင်းဖြစ် ရပါသတဲ့။
'ကျောင်းထွက်ရ တုန်းက ငိုချင်တာပေါ့ အစ်မရယ်.. ကျွန်တော်က စာလည်းတော်တယ်.. ကျောင်းမှာဆုတွေတောင် ရတာ..'ဟု အပြုံးမျက် နှာနှင့်ခပ်ကြွားကြွားလေး ပြောပြစဉ် ကျွန်မတို့မှာ သူနှင့်အတူ လိုက်ပါပြုံး ရယ်ရမလို သက်ပြင်းပဲ ရှိုက်ရမလို။
နော်ကတော့ အခန်း ပြတင်းပေါင်ကို လက်နှင့် ထောက်ထားရင်း'အေးပါ ဟဲ့..တော်မှာပါပဲ..သိ ပါတယ်'ဟု နှစ်သိမ့်ဟန် နှင့် စိတ်ခံစားမှုလေးပင် သည်ကို ဖြေလျော့တတ် သေးသည်။ သည်တော့ သူကလည်း သဘောတ ကျရယ်မောလျက်ပင်။
ခင်တွယ်သော စာ သင်ကျောင်းအရိပ်ကို စွန့် လွှတ်ရပြီးနောက်တစ်ဖန် မိသားစုကို စွန့်ခွာရသော အခါမှာတော့ ဘယ်လိုခံ စားခဲ့ရရှာလေမလဲ။ ပြုံး ရယ်နေသော မျက်နှာ လေးကိုငေးကာ ကျွန် မအ တွေးနယ်ချဲ့မိသေး သည်။ တစ်ခါတစ်ရံ တော့ သူကလေး ရွာကို လွမ်းမှာပါ။ ရွာကလူ ငယ်လူရွယ်တို့ မြို့တက် အလုပ်လုပ်ကြတာ တ ဖြည်းဖြည်းများလာ သည့်နောက် အဲသည် အဆက်အသွယ်များက တစ်ဆင့် သူသည်လည်း ရန်ကုန်မြို့သို့ ရောက် လာခဲ့သည်။ လက်ဖက် ရည်ဆိုင်တစ်ဆိုင်မှာ လုပ်ဖူးသေးသည်။ သည် ထမင်းဆိုင်ကတော့ ဒုတိ ယမြောက်ဆိုင်ဖြစ်လေ သည်။ မြို့ရောက်တာပင် နှစ်နှစ်ကျော်ပြီဆိုတော့ ကျွန်မအံ့သြရပါသည်။
'မင်း အလုပ် စလုပ် ခါစတုန်းက တော်တော် ငယ်ဦးမှာပေါ့'
'အဲဒီတုန်းက ကျွန် တော် ကိုးနှစ်ထဲမှာဗျ..'
'ကျောင်းထွက်တော့ ဘယ်နှတန်းလဲ'
'နှစ်တန်းအောင်တဲ့ နှစ်မှာ ထွက်တာ.. ညီမ လေးက အဲဒီတုန်းက သူ ငယ်တန်းအောင်ပြီလေ ..အမေတို့က တစ် ယောက်ပဲ ကျောင်းထား နိုင်မှာဆိုတော့..ကျွန်တော် ကျောင်းထွက်ရတယ်'
'မင်းဘာလို့ ထွက်ရ သလဲ ကဲ'ဟု နော်က သွေးတိုးစမ်းသလိုမေးလေ သည်။
'ညီမလေးကို ကျွန် တော်ချစ်တယ်ဗျ..အစ်မ မသိလို့နော်..သူက စာ သိပ်တော်တယ်အစ်မရဲ့.. ခုဆို အတန်းထဲမှာပထမ က မဆင်းဘူး..'
'အခုရော မင်း စာ တွေဘာတွေ ကောင်း ကောင်း ဖတ်နိုင်သေးရဲ့ လား'ဟု ကျွန်မကမေး လျှင်
'ဟာ ဖတ်နိုင်တာပေါ့ အစ်မရယ်..ဆိုင်က ဟင်းနာမည်တွေ ကျွန် တော် ဂျောင်းဂျောင်းပြေး ဖတ်ပြနိုင်ပါတယ်ဗျ..'
ကျွန်မသည် ဂုဏ်ယူ ဟန်စွက်သည့် အပြုံး မျက် နှာလေးကိုပင် သနားနှစ်လိုစွာငေးနေခဲ့ မိပါသည်။
ကျွန်မတို့တတွေ သည် အားလပ်ရက်ဖြစ် သည့်နေ့များတွင် လူရှင်း သော နေ့လယ်ခင်းမျိုး၌ ဟိုဘက်သည်ဘက် စ ကားလှမ်းပြောတတ်ကြ သည်။ သူက စကား လည်းအမျှင်မပြတ်စေရ၊ ပန်းကန်လည်း တစ် ချက်မှ အဆေးမပျက် စေရ။ ကလေးအပေါ် ဆိုင်ရှင်ငြူစူမှာတော့ စိတ် မပူရပေ။ အဆောင်သူ များက ထမင်းဆိုင်၏ အမာခံ ဖောက်သည်များ ဖြစ်၍ စိတ်အနှောင့်အ ယှက် အဖြစ်ခံမည့်သူမ ဟုတ်ပေ။ ဆိုင်နောက် ဘက်ရောက်လာခိုက်နှင့် ကြုံလျှင်ပင် ပြုံးရယ်ပြ တတ်သေးသည်။ နော်နှင့် ကလေးက တော့ ပြောစရာစကား များစွာရှိနေတတ်ပေ သည်။ ကျွန်မကတော့ စာဖတ်ရင်းက သူတို့ စကားဆိုနေသည်ကို မကြားသည့်အခါလည်း ရှိ၊ နားစွင့်မိသည့်အခါ လည်းရှိ၊ ကိုယ်တိုင် ဝင် ပြောသည့်အခါလည်း ရှိရဲ့။ နော်ကတော့ ကလေးကို ပိုခင်တွယ် သူ၊ ကလေးကလည်း ကျွန်မထက်၊ အား လုံးထက် နော့်ကို အစ်မ တစ်ယောက်လို ချစ်ခင် သူ။ ရေစက်လို့သာ ဆို ပါလို့ နော်က ပြောတတ် ခဲ့သည်။
'မဆုန်ရယ်..သီ ချင်းတစ်ပုဒ်လောက်ဆိုပါ ဦး..'ဟု ဂီတကိုနှစ်လို သော ကလေးက ရံဖန် ရံခါတောင်းဆိုသေးသည်။
'နေ့လယ်ခင်းကြီး မ ဆိုတတ်ဘူး..ညနေရောက် မှဆိုတာပေါ့'
နော်သည် တကယ်ပဲ ညနေခင်းေ၇ာက်သည့်အ ခါ ဆုန်သင်းပါရ်၏သီ ချင်းတစ်ပုဒ်ကို စိတ်ပါ လက်ပါ ဆိုပြတော့ သည်။ တိုင်းရင်းသူမို့ စ ကားဝဲသောနော်သည် သီချင်းဆိုရမည်ဆိုလျှင် တော့ အဆွဲအငင် အရှိုက် များနှင့် နားဝင်ချိုမြဲ။ ဖိုးသားကတော့ တကယ် ဆုန်သင်းပါရ်ပါပဲဗျာလို့ ဆိုတတ်ပေသည်။ ပြီး တော့ ပန်းကန်ပုံများ ကြားထဲမှာ ခေါင်းက လေး မဖော်တမ်း ဆေးနေရင်းက ပြုံးနေ တတ်သည်။ သီချင်း စာသားများကို ရမည်ဆို လျှင်တော့ သူပါ လိုက် ပါသီဆိုတတ်လေသည်။
'ကျွန်တော်က ငယ် ကတည်းက သီချင်း တွေ၊ ရုပ်ရှင်တွေ သိပ် ကြိုက် တာဗျ..အိမ်မှာတော့ တီဗီဘယ်ရှိမလဲ.. ရွာမှာ တီဗီရှိတဲ့အိမ် ကပ်ကြည့် ရတာပေါ့..တီဗီအိမ်က ကောင်က နေ့ခင်းဘက် ကစားရင်းညစ်ရင်လည်း သည်းခံရတာပဲ အစ်မရဲ့ ..ရန်ဖြစ်ရင် နောက် ဘယ်သွားလို့ကောင်း မလဲနော့..ဒါကြောင့် ဒီအိမ်မှာ ဘယ်လောက် ပင်ပန်းလည်းပဲကျွန်တော် စိတ်မညစ်ပါဘူးလေ..ည ညဆို သီချင်းနဲ့ ရုပ်ရှင် နဲ့..'
သူတို့ စကားလက် ဆုံကျနေသည်ကို နားစွင့် ရင်းကျွန်မပြုံးမိပါသည်။ စိတ်မျက်လွှာတွင်တော့ ရွာက ကလေးများအ ကြား အပူအပင်ကင်းစွာ ဆော့ကစားခဲ့ဖူးမည့်ပုံရိပ် လေးကို မြင်ယောင်လာ သည်။ နေ့ခင်းအခါ ကျောင်းတက်မည်။ ကျောင်းဆင်းလျှင်ရွာလမ်း မှာဖုန်အလူးလူးနှင့် ဆော့ ကစားမည်။ ညဘက်ဆို လျှင်တော့ ညီမလေးကို လက်ဆွဲလို့ပဲဖြစ်ဖြစ် တီဗီ ရှိသည့်အိမ်ဆီ သွားကြ မည်။ ဖန်သားပြင်ရှေ့ မျက်လုံးကလေး စိုက်လို့ နေမည်။ နောက် အိမ်ပြန် လို့အပူကင်းစွာ အိပ်စက် ကြမည်။ သည်လိုနှင့်ပဲ နောက်တစ်နေ့ နေရောင် ကို ကြိုခဲ့ကြပေမည်။
ချီးကျူးလိုမြဲပင်။
အချိန်မတိုင်ခင် မိ သားစုနှင့် ခွဲခွာလာရ သော၊ မိသားစုဝန်ကို ထမ်းရပြီဖြစ်သော က လေး၏မျက်နှာတွင် အ ပြံးကို တွေ့ရသည်မှာ ကောင်းခြင်းတစ်ရပ်ပါပဲ ဟုအခါများစွာ တွေးခဲ့ဖူး သည်။
သို့သော် တစ်ကြိမ်မှာ တော့ သူ့မျက်နှာတွင် မျက်ရည်များမြင်ရဖို့ဖန် လာသည်ကို ကြုံရပါ သည်။ တကယ်တော့ သူတစ်ယောက်တည်း သာမဟုတ်ဘဲ လူပေါင်း သိန်းချီကာ မျက်ရည်ဝေ ခဲ့ရသော ကာလလည်း ဖြစ်ခဲ့သည်။ ၂ဝဝ၈ ခုနှစ် ၏မေလသည် ဘယ် တော့မှမမေ့နိုင်မည့် အိပ် မက်ဆိုးဖြစ်ပါသည်။
တစ်လောကလုံး လေ ရိုင်း၊ မိုးရိုင်းများအောက် ပျက်စီးကြေမွခဲ့သော ရက်များသည် ဘယ် တော့မှ သည်အဖြစ်က ရုန်းထွက်လို့မရတော့ ဘူးလားဟုပင် ကယောင် ကတန်းတွေးမိလာစေ သည်။ ရန်ကုန်တစ်မြို့ လုံး ပျက်စီးစုတ်ပြတ် သွားခဲ့သည်။ ကျွန်မ တို့နေထိုင်ရာလှည်းတန်း တစ်ဝိုက်မှာလည်း တော် တော်ပဲပျက်စီးပါသည်။ အဆောင်သည် အမိုး လန်လျက်၊ ကျွန်မတို့ အခန်းမှာ မိုးတစိမ့်စိမ့် ယိုလျက်ရှိသည်။ လွတ် သော ထောင့်နေရာ လေးတွင် ကွေးအိပ်ကြ ရသည်။ စားစရာလည်း ဘာမှမရှိ။ မုန်တိုင်းဖြစ် ပြီးစရက်များတစ် လျှောက် ဘယ်အရာ ကမှအသားတကျမရှိပေ။ ဘေးကထမင်းဆိုင်လေး သည်လည်းဖွင့်နိုင်တယ် မရှိသေး။ ထမင်းတစ် ထုပ်ကို ၃ဝဝ နှင့်ပင် ရှာ ဝယ်စားရသည်။ မုန်း သော်လည်း စားရမြဲဖြစ် သည့်ကြက်ဥကို တစ် သက်မှာတစ်ခါ ဈေးကြီး ပေးကာစားရသည်။ ပတ် ဝန်းကျင်သည်လည်း စိတ် ရှုပ်ဖွယ်များနှင့်သာ ပြည့်နေသလို။ ကိုယ် ကိုယ်တိုင် ဒုက္ခများအ ကြား ပုံကျနေသည့် အခိုက်အခြားသူများကို ငဲ့မကြည့်နိုင်သော လူတို့ ၏သဘောအရ အဲသည် ရက်များထဲ ကလေးကို သတိတရမရှိသေး။ ထမင်းဆိုင်နှင့် အိမ်တွဲ ထားသည်မဟုတ်၍ ဆိုင် မဖွင့်သည့်အခိုက် မမြင် ရတာကြောင့်လည်း ပါ ပေမည်။
သို့သော် တစ်ရက်မှာ တော့ နော်က သတိတရ စကားစသည်။
'ဖိုးသားတို့ ရွာလည်း အဆင်ပြေပါ့မလား မသိ ဘူး ဖြူရဲ့..ဧရာဝတီ ဘက်ကတော့ တော်တော် သေသတဲ့..'
'အေးလေ..တွေ့ ရင်လည်းမေးနိုင်သေးရဲ့.. ခုတော့ ဆိုင်လည်းမ ထွက်တော့မခက်ဘူး လား'ဟု ကျွန်မ ဆိုမိ သည်။ တစ်လက်စ တည်းပင် ပြတင်းဝက မြင်ရသော နေရာလေး ကို လှမ်းကြည့်ရင်း တွေ့ နေကျပုံရိပ်လေးကို မြင် ယောင်လာပါသည်။ သည်ကလေးတစ်ယောက် ဘယ်လိုများ နေရှာသည် လဲ။ အိမ်ကို စိတ်ပူလို့ ဆုံးပါ့မလားမသိ။
နှစ်ယောက်သား သ တိတရပြောမိသည့်နောက် တစ်ရက်မှာလို့ထင်ပါ သည်။ ညနေခင်း ကျွန် မ ရုံးကပြန်လာလျှင် အ ခန်းထဲမှာ နော်ပြန် ရောက်နေသည်ကို တွေ့ ရသည်။ နော့်မျက်နှာမှာ များစွာ မကောင်းလှပေ။
ဘာကြောင့်မှန်းမသိ စိတ်ထဲ ဗြုန်းကနဲ ပူပန် ရဆဲ ဖိုးသားတို့ဆိုင် ပြန် ဖွင့်နေပြီလို့ နော်က တီး တိုးပြောပြပါသည်။ အ စဉ်အမြဲရယ်ရွှင်နေတတ် သောသူငယ်ချင်း၏မျက် နှာတွင် သောကရိပ်ကို တွေ့ရသည်နှင့် ကျွန်မ စိတ်မှာ လေးပင်စပြု လာသည်။
'ဖိုးသားတို့ရွာက လူ အသေအပျောက်များတယ် တဲ့ဟယ်..ဖျာပုံမြို့ ပေါ်က လာတဲ့သူတစ်ယောက် ဆီက ကြားလာသတဲ့.. ဖိုးသားလေးစိတ်ပူနေ တာပေါ့ဟာ..သူ့မှာ ပြန်လည်းပြန်ချင်..လမ်း ခရီးကလည်း ခက်တုန်း ပဲဆိုတော့ ကလေးတစ် ယောက်တည်း ရွာပြန်ဖို့ လည်း မလွယ်လှဘူး..။ မြို့က ဒီကို ရောက်နေ တဲ့သူတွေ ပြန်ရင်တော့ လိုက်ပြန်မယ်တဲ့'
'သနားပါတယ် နော် ရယ်..'ဟုပြောရင်း တစ် ဖက်ခြံကိုလှမ်းကြည့်မိ သည်။ ကလေးကို မတွေ့ ရပါ။ ဆိုင်အတွင်းဘက် မှာလားမသိ။ ဝမ်းနည်း အားငယ်နေပေမယ့်အလုပ် နှင့်လက်လည်း ပြတ်မည် မဟုတ်။ ကျွန်မ ပင့်သက် သာရှိုက်လျက်တစ်မိသား စုလုံး ဘေးကင်းစေဖို့ ဆု တောင်းရပါသည်။
ညဦးပိုင်း လူပါးချိန် တွင်မှ ဖိုးသားကို စကား ပြောခွင့်ကြုံသည်။ သူ သည် မျက်နှာကလေး ငယ်လျက်ရှိသည်။ ကျွန်မတို့မှာလည်း တကယ့်တကယ်တော့ လူကြီးများလို နှစ်သိမ့် တတ်သည်မဟုတ်။ နော် ကမှ ကျွန်မနှင့်စာလျှင် ပြောတတ်ဆိုတတ်သေး သည်။
'ဘာမှ စိတ်မပူနဲ့ဖိုး သားရဲ့ တစ်ခုခုဆို အစ် မတို့လည်းရှိတာပဲ ..' ဟုနော်ကဆိုလျှင်အားငယ် ရိပ်လွှမ်းနေသောမျက်နှာ လေးမှာတစ်ချက်မျှ ဝင်း လက်ဖော်ရလာသည်။
နော်သည် နောက် တစ်ရက်၌ ဖိုးသားအ ပြန်တွင် လမ်းစရိတ်သ ဘောမျိုး ပေးလိုက်ရန် အဆောင်မှာငွေလိုက်စုပါ သည်။ တစ်ထောင်စ၊ နှစ် ထောင်စ စုပေးကြသည်။ သည်ကလေးကိုတော့ အားလုံးက ကရုဏာ သက်ချစ်ခင်ပြီးသား။ အ ဝတ်အစားများပင် ပေး လိုက်ချင်ကြသည်။ သို့ သော် လမ်းခရီးက ဘယ် လိုနေမည်မသိသေးသည့် အတွက် နောက်မှပေးပါ လို့ဆိုရသည်။ သည်လို နှင့် ဖိုးသားမပြန်ခင် ငွေ ကလေး တစ်သောင်းခွဲ နှစ်သောင်းလောက်တော့ ထည့်ပေးလိုက်နိုင်သည်။
သူပြန်သွားတာ တစ် ပတ်ခန့် ကြာတယ်ထင် သည်။ သည်ကြားထဲ တော့ ကိုယ့်အလုပ်နှင့် ကိုယ်ရှုပ်နေကြသည့်အ ခိုက် သတိတရတွေး ခြင်း လည်း နည်းပါသည်။ ညနေခင်း ပြန်လာလို့ ပြ တင်းဘက် ငေးမိလျှင် တော့အမှတ်ရပြန်သည်။ ခုနေတော့ ရွာကိုရောက် ရောပေါ့။ ဘယ်လိုအ ဖြစ်တွေကိုများ ရင်ဆိုင် နေရသည်လဲ။ ဆုံးရှုံးမှု များကြားမှာ သွေးပျက် နေရှာတော့မလား။ သတိတရရှိလျှင်လည်း သည်အကြောင်းများ သာခေါင်းထဲရောက် တတ်သည်။
တစ်ညနေမှာတော့ နော်နှင့် နှစ်ယောက်သား စကားစမြည်ပြောနေကြ ခိုက် ခေါ်သံတိုးတိုးလေး စည်းရိုးနားက ကပ်ပေါ် လာပါသည်။ မဆုန် ရေ..အစ်မဖြူရေတဲ့..။
ကျွန်မတို့သည် အာ မေဋိတ်သံနှင့်အတူ ပြ တင်းနား ဗြုန်းကနဲကပ် သွားကြသည်။ သည့် နောက်တော့ မြင်ရသည့် မြင်ကွင်းသည် စိတ်ထဲ နာကျင်ဖွယ်ကောင်းလှ သည်ဖြစ်၍ တစ်သက် တွင် ဘယ်သောအခါမှ မမေ့ဖျောက်နိုင်အောင်ဖြစ် ရသည်။ ကလေးသည် သံကြိုးကွက်လေးများကို ဆုပ်ကိုင်ကာ ကျွန်မတို့ရှိ ရာဆီငေးကြည့်လျက်ရှိ သည်။ အခါများစွာက ထက် နွမ်းလျနေသော မျက်နှာ။ အားငယ်စိုးရွံ့ နေသောမျက်လုံးများ။ ပြီးတော့ စီးကျနေသည့် မျက်ရည်တွေ။ တဒင်္ဂမျှ မျက်လုံးချင်းဆုံမိသည့် အခိုက် ကျွန်မတို့ အခန်း ထဲတွင် ကြာကြာ ရပ်မနေ နိုင်တော့ပါ။ အိမ်မကြီး ကိုပတ်ကာ တစ်ဖက်ခြံ စပ်သို့ရောက်သွားကြ သည်။
'ဘယ်လိုဖြစ်ရတာ လဲဖိုးသားရယ်..ပြောပါ ဦး..'ဟု နော်ကမေးပါ သည်။
'ကျွန်တော့်မှာ ညီမ လေးတစ်ယောက်ပဲကျန် တော့တယ်အစ်မတို့ရဲ့'
ရင်ထဲဟာဆင်းသွား သည်မှာ ဘာနှင့်မှမတူ။ နော်နှင့် ကျွန်မ တစ် ယောက်မျက်နှာတစ် ယောက်ကြည့်ကာ စက္ကန့် ပိုင်းမျှ ငိုင်နေမိကြသည်။ နောက်တော့ နော်က သူ့ လက်ကလေးများကို ဆုပ် ကိုင်လိုက်ပါသည်။ အား မငယ်ပါနဲ့ ဖိုးသားရယ် တဲ့။ ကလေးက ရှိုက် လိုက်ပြန်သည်။
'တစ်ရွာလုံးလည်း ရွာ ပျက်လိုပါပဲ အစ်မရယ် ..ကျွန်တော်တို့အိမ် လည်း မရှိတော့ဘူးလေ။ အမေရော အဖေရော အစ်မရော ဘယ်ေ၇ာက် သွားမှန်းတောင်မသိဘူး တဲ့..။ ညီမလေးတစ် ယောက်ပဲ ရှင်တယ်'ဟု ပြောပြောဆိုဆို ခေါင်း ငိုက်စိုက်ချကာ ရှိုက် လျက်နေသည်။
'အခု ဘာလုပ်ချင်သ လဲဖိုးသား ဟင်..။ အစ် မတို့ဘာကူညီရမလဲ'
'ရပါတယ်အစ်မ ရယ်..ကျွန်တော် ဒီမှာပဲ အလုပ်ဆက်လုပ်မှာပေါ့'
'ညီမလေးရော..'
ဖိုးသားက ကျွန်မ မျက်နှာကို လှမ်းကြည့်ပါ သည်။
'အမျိုးတွေနဲ့ ထားခဲ့ ရတယ်အစ်မရဲ့..ကျွန် တော်နဲ့လိုက်ချင်တယ်တဲ့။ ကျွန်တော် ဘယ်လိုခေါ် ရမလဲ..နောက် လာခေါ် မယ်..နင်ကျောင်းဖွင့်ရင် ကျောင်းပဲနေလို့ ပြောခဲ့ရ တယ်'
ထိုညနေက ကျွန်မ တို့စကားတော်တော်ပဲ ပြောဖြစ်ပါသည်။ ဖိုး သား၏ အားငယ်သော မျက် လုံးလေးများသည် သူပြောချင်သည်များ ကိုအားရအောင်ပြောပြီး လျှင်တော့ တောက်ပ သည်မဟုတ်ပေမယ့် အ ထိုက်အလျောက်တော့ အသက်ဝင်လာသည်။ သည်လိုပဲဖြစ်ရမှာပေါ့ လေ။ ခံစားမှုနဲ့ ဘဝကို ခွဲခြားတတ်ဖို့ ငယ်က တည်းက နားလည် တတ်ခဲ့ပြီးပြီပဲ။ ခုလည်း ရှေ့ဆက်လျှောက်ရမှာကို သူ့အလိုလို နားလည်ပြီး ဖြစ်ပုံရပါသည်။
တကယ်တော့ကျွန်မ တို့ဘဝတွေကိုကလည်း သူတစ်ပါးကို စိတ်အား ဖြင့်သာ စာနာသနားနိုင် ကြသည်။ ကူညီနိုင် လည်း အနည်းအကျဉ်း ပါ။ သည့်ထက်လည်း တတ်နိုင်မယ်မဟုတ်။ အဲသည်တုန်းကလည်း ဖိုးသားလေးကို စာနာ သည်မှာ ပြောစရာမရှိ။ သူ ညီမလေးအတွက် ဆွေမျိုးများထံ ငွေပို့စဉ် မှာ မုန့်ဖိုးလေး အနည်း အကျဉ်းမျှ ထည့်ပေးနိုင် သည်။ ရံဖန်ရံခါ အထည် လေးနည်းနည်းဝယ်ပေးနိုင် ကြသည်။ သည်လောက် ပါပဲ။
တစ်ခုရှိသည်မှာ သူ့ ကို စိတ်အားဖြင့် အား ပေးနိုင်ခဲ့ကြတယ်လို့ယုံပါ သည်။ အထူးသဖြင့်နော် သည် မောင်ငယ်လေး တစ်ဦးပမာ ကြင်နာ စောင့်ရှောက်ခဲ့သည်။ နိုင်ငံခြား ခရီးအတွက် အဆောင်က မထွက်ခွာ ခင်အထိ ဖိုး သားလေးကို အစ်မရင်းပမာ ဆက်ဆံ ခဲ့သည်။
'ဖိုးသားက ညီမ လေးကို ခေါ်ထားချင် တယ်တဲ့. အလုပ်တော့မ လုပ်ခိုင်းဘူး..ညီမ လေးကို ကျောင်းပဲနေစေ ချင်တယ်တဲ့..ငါလည်း တစ်နေ့နေ့ခေါ်ပေါ့လို့ အားပေးထားရတယ်'ဟု နော်က စိတ်မောစွာ ပြော ပြတတ်သည်။ ကျွန် မသည် ရန်ကုန်လူနေမှု စရိတ်နှင့် ကလေးနှစ်ဦး ရပ်တည်ဖို့ဆိုသည်ကို ရင်မောစွာ တွေးနေမိပါ သည်။ အစ်ကိုကလည်း ညီမလေးကို ခေါ်ထားလို မည်။ ညီမလေးကလည်း ဆွေမျိုးများနှင့် နေရ သည်ဆိုပေမယ့် မိဘ မောင်ဖွားများနှင့် နေရသ လိုတော့ ဘယ်ပျော်ပါ့ မလဲ။ အစ်ကိုနှင့် ပြန်နေ ရဖို့အရေးသာ စောင့်နေ ရှာမှာပါ။
'ရွာမှာ အလုပ်ကပို ရှားလာတော့ ရွာလည်း မပြန်နိုင်..ပြန်လည်းပဲ ကလေးတစ်ယောက် ဘာအလုပ်များလုပ်နိုင် ပါ့မလဲကွယ်..'ဟု နော်က မျက်နှာမကောင်းစွာဆို ခဲ့လေသည်။
သည့်နောက်တော့ နော်သည် အားလုံးကို နှုတ်ဆက်ကာ ပြည်ပ ခရီးထွက်ခွာရသည်။ နိုင်ငံကို မစွန့်ခွာချင်သော် လည်း စွန့်ခွာရသည်။ နော် ထွက်သွားပြီးနောက် တစ်လမျှရှိလျှင် ကျွန်မ သည်လည်း အလုပ်က မြို့နယ်ပြောင်းသည်နှင့် အဆောင်သစ်ရှာဖွေ ပြောင်းရွှေ့ရပါသည်။ နော်ထွက်သွားစဉ်က တစ်ကြိမ် မျက်ရည်လေး ဝဲနေခဲ့ဖူးသော ဖိုးသားက ကျွန်မနှင့် နှုတ်ဆက်ရ တော့လည်း မျက်နှာမ ကောင်းပြန်။
'နောက် လာမှာပေါ့ ဖိုးသားရယ်'ဟု ကျွန်မ နှစ်သိမ့်ခဲ့ပါသည်။ သို့ သော်လည်း နေရာ ဟောင်းကို ပြန်ရောက်စ ရာအကြောင်းလည်းမရှိ သည်နှင့် ပြန်မရောက် ဖြစ်။ စိတ်ထဲရှိခဲ့သည့်ပုံ ရိပ်သည်လည်း တဖြည်း ဖြည်းမှုန်ဝါးလာခဲ့သည်။
သို့သော် အကြောင်း တိုက်ဆိုင်လျှင်တော့ သူ တို့နှစ်ယောက်ကို ကျွန်မ သတိရနေခဲ့သည်။ ဘဝ အိပ်မက်ဆိုးကိုကြုံရပြီး နောက်ပိုင်း သီချင်းဆိုပြ ပါဦးလို့ဖိုးသားက မ တောင်းဆိုသလို နော်က လည်း တစ်ကြိမ်မျှပင် စိတ်ပါလက်ပါ သီချင်းမ ဆိုတော့သည်ကို အမှတ် ရနေတတ်လေသည်။
---
ဆိုင်အတွင်းမှာ လူ စည်လှပေသည်။ တွေး ရင်းစားရသည်မှာ အရ သာက ဘယ်လိုနေမှန်း ပင်မသိ။ သူကတော့ လူများသည့်အတွက် အလုပ်ရှုပ်နေတာ မြင် ရသည်။ ကျွန်မရှိသည့် နေရာကိုတော့ လှမ်း လှမ်းကြည့်ကာ ပြုံးရယ် ပြတတ်သည်။ သည်အ ပြုံးတစ်ခုကိုတော့ မ ပြောင်းမလဲမြင်ရသေးတာ ကိုးဟု ကျွန်မ တွေးမိရပါ သည်။ သည်နှစ်တွေအ တွင်း သူကြိုးစားရှင်သန် ခဲ့ရမှာပဲ။ ညီမလေးရော ဘယ်လိုနေရှာသည်လဲ။ သည်မေးခွန်းကို မေး သင့်ရဲ့လား။
ငွေရှင်းရန်ပြင်မှပင် သူက ကျွန်မအနီး ပြန် ရောက်လာသည်။ ငွေမ ရှင်းရန် တားသေးသည်။ သို့သော် ကျွန်မလက်မခံ ဖြစ်ပါ။ နောက်တော့ စား တာပေါ့ကွယ်ဟုသာ ဆို ရပါသည်။
'မဆုန်ရော အစ်မ'
ကျွန်မ ပြန်ဖို့ နှုတ် ဆက်လျှင် သူက သတိ တရမေးပါသည်။
'ပြန်မလာသေးဘူး ဖိုးသားရဲ့..ဟိုမှာအိမ် ထောင်တောင်ကျလို့လေ.. တစ်ခါတလေတော့ ဖုန်း ဆက်ပါတယ်..ဒီတစ်ခါ သူဆက်ခဲ့ရင် မင်းနဲ့တွေ့ တာ ပြောပြလိုက်မယ်'
'သတိရတယ်ပြော ပေးပါအစ်မရယ်..ကျွန် တော် လိမ်လိမ်မာမာနေ နေတယ်လို့လည်း ပြော ပေးပါဦး'
'အေးပါဟယ်.. အေးပါ'
ကျွန်မက ရယ်ရယ် မောမောဆိုတော့ သူပါ လိုက်ပါပြုံးရယ်သည်။ နု သစ်သောအပြုံး။ အား မာန်ရှိသောအပြုံး။
ဆိုင်အတွင်းက ထွက် ခွာလာပြီးမှ ကျွန်မ လည် ပြန်ကြည့်မိသည်။ သူ သည် စားသုံးသူ ဝိုင်း များအကြားမှာ ပုံမှန်ကျင် လည်လျက်ရှိသည်။ တစ် ချိန်တုန်းက ထမင်းဆိုင် ၏စားပွဲတစ်လုံးနှင့် တစ် လုံးအကြားကူးလူးနေခဲ့ ဖူးသော ဖိုးသားကို ခု တော့လူငယ်လေးအသွင် မြင်နေရပြီ။ နှစ်တွေသာ ပြောင်းခဲ့ပေမယ့် သူတို့ ဘဝတွေမပြောင်းလဲသေး။ လှုပ်ရှားရှင်သန်ဆဲ။ ညီမလေးအတွက် မက်ခဲ့သည့် သူ့အိပ်မက် တွေရောပြည့်စုံခဲ့ပြီလား။ ကျွန်မ မမေးဖြစ်ခဲ့ပါ။
အချို့သော မေးခွန်း များသည် မေးခွန်းမျှသာ ဖြစ်ပေမယ့် တစ်ဖက်သား
၏ ရင်ကိုထိုးထွင်းနာ ကျင်စေတတ်တာ ကျွန်မ နားလည်ထားပါသည်။
စံပယ်ဖြူနု
(မတ်လ ၊ ၂ဝ၁၂ ရနံ့သစ်မဂ္ဂဇင်း)

1 comments:

ဒီမနက် စိတ်ထဲ အရမ်းဝမ်းနည်းနေလို့ စာတွေလိုက်ဖတ်နေတာ ဆရာမစာတွေ ဖတ်မိမှပဲ ပိုငိုချင်မိသွားတယ် :D

ကောင်းလိုက်တာ

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More