အစိမ်းရင့်ရင့်ကြားက အနီ


နှစ်ရှည်လများ ဝေး ကွာနေတဲ့ ရွာရဲ့ အရိပ် အောက် တစ်ကျော့ပြန် ရောက်တယ်ဆိုရင်ပဲ ငါ့ စိတ်တွေ အေးချမ်းသွား ရတယ်။ ဒီလိုဆိုရင် နင် က မျက်လုံးလေးဝိုင်းလို့ တအံ့တသြဖြစ်နေမှာပဲ။ အင်းလေ..နင်အံ့သြရင် အံ့သြမှာပေါ့။ နင် အင်မ တန် ရောက်ချင်လှပါ တယ်ဆိုတဲ့ မြို့ကြီးကနေ ငါပြန်လာခဲ့တာမဟုတ် လား။ ဘုရားဖူးလေး တစ်ကြိမ်လောက်ရောက် ရရင် သေပျော်ပါပြီလို့ ငါတို့ရွာက အဘိုး အ ဘွားတွေ တသတတ်တဲ့ မြို့ကြီးက ငါ ပြန်လာခဲ့ တာမဟုတ်လား။ ငါ့စိတ် ခံစားမှုကို နင်နားလည် အောင်တော့ ပြောပြ တတ်မယ်မထင်ဘူး။ မွန်း ကြပ်မှုတွေကနေ ခဏ လောက် ရှောင်ပုန်းရတာ နဲ့တင်ပဲ စိတ်အေးချမ်း လှပါပြီဆိုရင် နင်နား လည်နိုင်မလားပဲ။
ရွာကို ရောက်တယ် ဆိုရင်ပဲ ငါအတွေ့ချင်ဆုံး သူတွေက အမေပြီးရင် နင်ပါပဲ။ သစ်သားတစ် ဝက်လောက် စပ်ထားတဲ့ ကားလို့မမည်တဲ့ ကား ကြီးနဲ့ ကန်သင်းတွေကို ဖြတ်ရတဲ့ လမ်းတစ် လျှောက် လာခဲ့ရတဲ့ ပင် ပန်းမှုကလည်း အမေ့ကို မြင်လိုက်ရတဲ့ တစ်ခဏ အမောပြေစေတယ်။ နင့် ကိုတော့ အဲဒီနေ့က ချက် ချင်းမတွေ့ရဘူးပေါ့လေ။
''အေးခိုင်က လယ်ထဲ ဆင်းသွားတယ် သမီးရဲ့'' လို့ အမေက ပြောပြ တယ်။
လယ်ထဲယာထဲမှာ အသားကျနေတဲ့နင်တစ် ယောက် ဘယ်လို ပုံစံများ ဖြစ်နေပြီလဲ။ စိတ်ကူးထဲ ပုံဖော်ကြည့်ပေမယ့် ဝိုး တဝါးပဲ။ ညနေခင်းဆို ရင်တော့ ရွာဘက်ပြန် လာမယ်ဆိုတဲ့ နင့်ကို ငါမျှော်နေမိတယ်။ နင် လည်း ငါရောက်နေမှာ သိလောက်ပါပြီ။
ရွာကလေးကတော့ ငါထွက်သွားတဲ့ နှစ်တွေ အတွင်း ဘာမှထူးထူး ခြားခြား ပြောင်းလဲမသွား ပါဘူး။ အိမ်ကလေး တွေဟာ အရင်ကလိုပဲ ရိုး ရိုးကုပ်ကုပ်။ ရွာလမ်းက လည်း နွေဦးမို့ ဖုန်တ ထောင်းထလို့။ မိုးရာသီ ဆိုရင်တော့ ထုံးစံအ တိုင်း ဗွက်ထူဦးမှာပေါ့။ ဘယ်လမ်းတွေ ဘယ် လောက်ဖြူးဖြူး ငါတို့ ရွာလမ်းလေးဟာ အရင် အတိုင်း ချိုင့်ခွက်တွေ၊ ဖုန်တွေနဲ့ပေါ့။ ဘာပဲ ပြောပြော ကားလမ်းမရှိ တဲ့ရွာကလေးကနေ မြို့ ကို ရောက်အောင် ရွာ တွေ၊ လယ်ကွင်းတွေအ တန်တန်ဖြတ်၊ ချောင်း တစ်စင်းလောက် ဖြတ်ပြီး ငါတို့တွေ ဆက်သွယ် သွားလာနိုင်တာပဲ ဝမ်း သာစရာမဟုတ်လား။
ငါတို့ တက်ခဲ့ကြတဲ့ ကျောင်းကို ဖြတ်ရတုန်း ကတော့ လည်ပြန်များ တောင် ငဲ့ကြည့်မိပါရဲ့။ ငါတို့ကျောင်းကလေး ဟာ အဆောက်အအုံ ဟောင်းလေးတစ်ခုအဖြစ် ငြိမ်ငြိမ်သက်သက်ရှိနေ တယ်။ ငါတို့ ပြေးလွှား ဆော့ကစားခဲ့ကြတဲ့ ကျောင်းရှေ့မြက်ခင်း ပြင်ကတော့ အစိမ်းရောင် လွှမ်းတုန်းပေါ့။ ဒီ ကျောင်းကလေးမှာ ငါတို့ တွေ မူလတန်းကတည်း က အတူတက်ခဲ့ကြတာ နော်။ ငါတို့ရှစ်တန်း အောင်တဲ့နှစ်မှာတော့ နှစ် ယောက်သား ရှေ့ဆက်ရ မယ့်ဘဝလမ်းကို ကံက ပြဋ္ဌာန်းလာခဲ့ပြီ။ မြို့ ကျောင်းမှာ ကိုးတန်း ဆက်တက်ဖို့ ငါသွားရတဲ့ မိုးဦးမှာ နင်ကတော့ လယ်ထဲဝင်ရပြီ။
အဲဒီနေ့က မြို့သွားဖို့ ပစ္စည်းတွေ ပြင်ရင်းက ငါကလည်းငို၊ နင်က လည်း ငိုလို့။ နင်က အိမ် မှာတော့ လူကြီးတွေ စိတ် မကောင်းဖြစ်မှာစိုးလို့ ဟန်ဆောင်ခဲ့တာမဟုတ် လား။ ငါ့အိမ်ခန်းလေး ထဲမှာတော့ နင် ဝမ်းပန်း တနည်းမျက်ရည်ကျခဲ့ တာပေါ့။ နင်ကတော့ ငါ့ ကို ခွဲရမှာမို့လို့ အ ကြောင်းပြတယ်။ ဒါပေ မယ့် ငါသိတာပေါ့ သူ ငယ်ချင်းရယ်။ တကယ် ဆို မြို့ကျောင်းဆက် တက်ဖို့ဆိုတာ ငါတို့ရဲ့ အိပ်မက်လေ။ ဒါပေမယ့် နင့်အတွက်တော့ ဒီအိပ် မက်ကလေးဟာ လေပြေ ကြောင့် ငြိမ်းသွားရတဲ့ မီးတိုင်လေးလိုပါပဲ။
''လယ်ထဲ ဆင်းရ လည်း ငါပျော်မှာပါ ဟယ်။ နင်သာ လယ်အ လုပ်မတတ်တာ။ ငါက တော့ ကျွမ်းနေပါပြီ''လို့ ကြိုးစားရယ်မောရင်း နင် ပြောခဲ့တာ အခုထိ မှတ် မိပါသေးရဲ့။ ငါ့မှာတော့ ရင်ဆို့နေရတာနဲ့ ဘယ် လိုအားပေးရမယ်တောင် စကားစရှာမရခဲ့ပါဘူး။ နင့်ပုခုံးကို ဖက်လို့သာ ငြိမ်နေခဲ့မိတယ်။
အဲဒီအချိန်ကစလို့ ငါ တို့တွေ တစ်ယောက်တစ် လမ်းလျှောက်ကြရတော့ တာနော်။ ကျောင်းပိတ် လို့ ရွာပြန်ရောက်ချိန်မှာ တောင် ငါတို့နှစ်ယောက် ဆုံနိုင်ဖို့ ခဲယဉ်းခဲ့ပြီ။ နင် က လယ်အလုပ်တွေ ကြားထဲမှာ အချိန်ကုန်နေ ရပြီလေ။ စပါးစိုက်ချိန်ဆို လည်း စပါးစိုက်ချိန်မို့၊ စ ပါးရိတ်ပြီးပြန်တော့လည်း ပဲစိုက်ချိန်ရောက်လာလို့ နင့်မှာ အခါကြီးရက်ကြီး လောက်ပဲ ရွာမှာ ရှိ နိုင်တော့တယ်။ ရွာနဲ့ အ လှမ်းဝေးတဲ့ လယ်ထဲကို တော့ ငါတစ်ခါတလေ လိုက်ဖူးပါရဲ့။ နေရောင် အောက်မှာ ပင်ပန်းလှတဲ့ နင့်ကို မြင်ရင် ဝမ်းနည်း ရလွန်းလို့ နောက်ပိုင်းမ လိုက်ဖြစ်တော့ပါဘူး။ နင့်အသားတွေ တ ဖြည်းဖြည်း ညိုလာသလို မျက်နှာသွင်ပြင်ကလည်း လူကြီးဆန်လာလိုက်တာ။ ကြမ်းတမ်းလာတဲ့ နင့် လက်တွေကို ဆုပ်ကိုင်မိ တိုင်းလည်း ငါစိတ်မ ကောင်းဖြစ်ရတယ်။ နင့် ရှေ့မှာတော့ ဘယ်တော့မှ ထုတ်မပြောဘူးပေါ့လေ။ နင့်ဘဝလေးနဲ့နင် နေ ပျော်အောင် ကြိုးစားနေ တာကို စိတ်အနှောင့်အ ယှက်မဖြစ်စေချင်ခဲ့ဘူး။
အခုတော့လည်း ငါ့ ဘဝက အဆစ်ပေါင်း များစွာ ချိုးခဲ့ပြီ။ မြို့ပြက အလုပ်ခွင်မှာ ကျင်လည် နေရပြီ။ ငါပညာသင်ယူ ခဲ့တဲ့ မြို့ကလေး၊ ငါမွေး ဖွားကြီးပြင်းခဲ့ရာ ရွာက လေးကိုတောင် တစ်နှစ် တစ်ခေါက်ပြန်မရောက် နိုင်ဘူး။ နင်နဲ့လည်း ပြန် မဆုံဖြစ်တာ နှစ်ရှည်လ များပေါ့။ ဒီကြားထဲတော့ အမေ့စာတွေထဲကတစ် ဆင့် နင့်အကြောင်းတွေ ကြားရပါရဲ့။ နင်အိမ် ထောင်ကျသွားတဲ့အ ကြောင်း၊ အခုဆို သား တစ်ယောက်၊ သမီးတစ် ယောက်ပိုင်ဆိုင်နေတဲ့အ ကြောင်း၊ လင်မယားနှစ် ယောက် လယ်အလုပ်ကို ဒိုးတူပေါင်ဖက် လုပ်ကိုင် နေတဲ့အကြောင်း ငါသိရ တယ်။
''သူ စီးပွားရေးရော အဆင်ပြေရဲ့လား အမေ ရယ်''လို့ တစ်ခါက အမေ့ ကို ဖုန်းထဲမှာ မေးဖူးသေး တယ်။
''သမီးရဲ့..လယ်သ မားဟာ လယ်သမားအ ထွာပဲပေါ့ကွယ်။ ဧက တွေအများကြီး ပိုင်ကြ တာလည်းမဟုတ်။ စား လောက်ရုံပေါ့။ ဒီလောက် ဆိုရင်ပဲ အဆင်ပြေတယ် ပြောနိုင်ပြီမဟုတ်လား''
အမေ ရယ်ရယ်မော မော ပြောပြတော့ ငါအ သက်ရှူချောင်ရပါရဲ့။ အ ဝေးမှာ ရှိနေပေမယ့် နင့် အတွက် ငါအမြဲပဲ ပူပန် နေခဲ့တာပါ။
အခုတော့ နင့်ကို ငါ ပြန်တွေ့ရတော့မယ်။ ငါ ချစ်တဲ့ သူငယ်ချင်းကို ပြန်တွေ့ရတော့မယ်။ အ မေချက်ကျွေးတဲ့ဟင်းတွေ ကို မြိန်မြိန်စားပြီး ညနေ ခင်း နင်လာမယ့်လမ်းကို ငါစောင့်နေခဲ့တာပါ။ နင့် ကို ဘယ်လိုတွေ့ရလေမ လဲလို့ စိတ်လှုပ်ရှားနေ တာလည်း ပါတာပေါ့ လေ။
တကယ်တမ်း နင် ရောက်လာတော့ နေဝင် မိုးချုပ်ခဲ့ပြီ။ အိမ်ထဲကို ဝင် လာတဲ့ အရိပ်တစ်ခုကို တွေ့တာနဲ့ ငါထိုင်နေရာ က ဆတ်ကနဲ ထလိုက် မိတယ်။ အမှောင်ထဲက အရိပ်ပေမယ့် အဲဒါ နင် မှန်း ငါ ချက်ချင်းသိပါ တယ်။
''ငါ မိုးချုပ်သွားတယ် ဟယ်။ ဒါတောင် လယ် ထဲက ပြန်ရောက်တာနဲ့ ရေမိုးချိုး ထမင်းစားပြီး ချက်ချင်းလာခဲ့ရတာ။ က လေးတောင် အိပ်ချင်နေ တာ နင်တွေ့ဖို့ မနည်း ခေါ်လာရတယ်။ ဒါ အ ငယ်လေးဟဲ့။ သမီးလေး''
ပိုးတဘက်ထဲက က လေးက ငါ့ကို မျက်လုံး လေးအဝိုင်းသားနဲ့ မော့ ကြည့်တယ်။ နင့်မျက်လုံး လေးတွေ။ ငယ်တုန်းက လက်ပခဲ့တဲ့ နင့်မျက်လုံး လေးတွေကို ပြန်တွေ့ရ သလိုပါပဲ။ အခုတော့ နင့် မျက်လုံးတွေကဒီလောက် မတောက်ပနိုင်တော့ဘူး။
''သားအကြီးလေး ရော ခေါ်မလာဘူးလား''
''အံမယ်လေး သူ့ အဒေါ်နဲ့ ဗီဒီယိုရုံ ရောက်နေပြီတဲ့ကွယ်။ ငါ့သားက သုံးနှစ်ပြည့် တော့မယ်သိလား။ သား ကလည်း ငါနဲ့တူတာပဲ။ သမီးကတော့ မျက်လုံးက လွဲပြီး မျက်နှာကျတာ သူ့အဖေနဲ့ဆင်တယ်။ အရီးရေ..အရီးသမီးပြန် လာလို့ တော်တော်ပျော် နေတယ်မဟုတ်လား။ ဟင်းကောင်းလည်း ချက် မှာပေါ့။ ကျွန်မကိုလည်း ကျွေးခဲ့ဦး''
နင်က စကားကို အ မျှင်မပြတ်ပြောရင်း အမေ့ ကိုပါ လှမ်းနောက်လိုက် သေးတယ်။
''စားနိုင်ရင် စားစမ်း ပါကွယ်။ အခုပဲ ထမင်းပွဲ ပြင်ရမလား''
''ဗိုက် ဘယ်ဆံ့ပါ့မလဲ အရီးရဲ့။ နောက်ရက် တော့ တကယ်လာစားမှာ ပေါ့''ဆိုပြီး နင်က ရယ် မောနေပြန်တယ်။
အိမ်ရှေ့ ဝရံတာမှာ တော့ အိမ်ထဲက အလင်း တစ်ဝက်ဖြာကျလို့။ လေး ဘက်ထောက်ရင်း ဆော့ ကစားချင်နေတဲ့ကလေး ကိုတော့ အမေက အိမ် ထဲမှာ မြူနေလေရဲ့။ တီ ဗီက သီချင်းသံက ငါတို့ အနားမှာ ဝေ့ဝိုက် ပျံ့လွင့် နေတယ်။ မီးရောင် မှုန်ပျ ပျအောက်မှာတော့ နင့် မျက်နှာဟာ အသစ်တစ် ဖန်နုနယ်ခြင်းနဲ့ သက်ဝင် နေလေရဲ့။ နင့်မှာ ငါ့ အတွက် ပြောပြစရာတွေ များမှများ။ စကားစမ ပြတ် မမောတမ်းပြော နေတဲ့နင့်ကို ချစ်ခင်စာနာ ခြင်းနဲ့ ငါငေးကြည့်နေမိ တယ်။
''မပြန်ခင် တစ်ရက် လောက်တော့ လယ်ထဲ လိုက်ခဲ့ပါဦးဟယ်။ မြို့သူ ကြီးကို အလည်ခေါ်ချင် လို့ပါ။ ငါ့ပဲခင်းလေးက ဒီနှစ်ကောင်းတယ်သိလား'' လို့ နင်က ဆိုပြန်တယ်။
''အေး လိုက်တာပေါ့။ ပဲနုတ်ချိန်တောင် ရှိချင် လိုက်တာ။ နင့်ပဲခင်းမှာ ပဲနုတ်ကူချင်ပါရဲ့။ ငါတို့ ငယ်တုန်းက ပဲနုတ်လိုက် ကြတာမှတ်မိသေးလား''
ငါတို့အတူ ရယ်မော ကြရပြန်တယ်။ ငယ်တုန်း ကတည်းက နင်ဟာ လယ်အလုပ်၊ ယာအလုပ် မှာ ကျွမ်းကျင်တဲ့သူ။ နင်က မြေပဲတွေ နှစ်တင်း လောက် အသာလေး နုတ်လို့ရချိန်မှာ ငါက တော့ တစ်တင်းတောင် အနိုင်နိုင်ရယ်။ အဲဒီတုန်း ကတော့ နင်ရော ငါပါ မုန့်ဖိုးရချင်စိတ်နဲ့ လိုက် လုပ်ကြတာမဟုတ်လား။ ဘုရားပွဲကျရင် အင်္ကျီသစ် လေး ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝတ်နိုင်တာကိုပဲ ကျေနပ် လို့မဆုံးခဲ့ကြဘူး။ ခုတော့ ဒီဘဝတွေဟာ အဝေးမှာ ကျန်ခဲ့ကြပြီ။ အလုပ်ကို အပျော်စိတ်နဲ့ လုပ်ကြတဲ့ ဘဝဟာ အဝေးမှာ ကျန် ခဲ့ပြီ။
''ပဲခင်းလေးအောင် မယ်သာ ပြောတာပါ ဟာ။ ပဲဈေး၊ စပါးဈေး ကလည်း မကောင်းဘူး ဟဲ့။ ငါ့မှာ ကြွေးမတင် တာတောင် ကျေးဇူးတင် ရမလိုပဲ။ ငါတို့ လယ်သ မားတွေဆိုတာ ကြွေးနဲ့မ ကင်းဘူးပဲ။ စပါးပေါ် ချိန်ကျတော့လည်း စပါး ဈေးကမကောင်း၊ ကြွေး ကပူ။ ဈေးမကောင်း လည်း ရောင်းရတာပဲ။ စောင့်မထားနိုင်ကြဘူး။ ဈေးကစားတဲ့သူတွေက ကစားရင် တို့ပဲ ခံရတာ''
နင့်မျက်နှာက တ ဖြည်းဖြည်း မှိုင်းမှုန်လာ တော့ ငါ စကားလမ်း ကြောင်းပြောင်းဖို့ ကြိုး စားရတယ်။
''စိတ်ညစ်စရာတွေ မ ပြောပါနဲ့ဟာ။ စိတ်ညစ် နေလို့ ထူးတာမဟုတ် ဘူးလို့ နင်ပဲ အရင်က ခဏခဏပြောပြီးတော့။ တွေ့တုန်း ပျော်ပျော်နေ ကြားလား''လို့ ငါဆိုတော့ နင်က ရယ်ပြန်တယ်။
''ဟုတ်ပါတယ်လေ။ ငါလည်း စကားများလာ တယ်ဟာ။ ပြောချင်တာ တွေများတော့ အိမ်မှာ လည်း ယောက်ျားကို ပွစိ ပွစိပြောနေမိသလားမဆို နိုင်ဘူး။ စိတ်ရှုပ်တာတွေ များတော့ ပြောနေရမှ ကျေနပ်တယ်ဟဲ့။ အခု ငါ့ မှာ ကလေးတွေအတွက် ပါပူရတယ်။ သူတို့ကို ငါ့ လို ကျောင်းထွက်ရတဲ့ က လေးတွေ မဖြစ်စေချင် ဘူးလေ''
နင့်လက်ကို ငါ အ သာဆုပ်ကိုင်လိုက်မိတယ်။ လက်ဖျားက ကြမ်းရှတဲ့ အထိအတွေ့ဟာ ငါ့ရင် ကို နာကျင်စေတယ်။ နင့် လက်တွေ ဟိုတုန်းက ထက် ကြမ်းတမ်းလာခဲ့ပြီ နော်။ မီးရောင်မှိန်မှိန် အောက်မှာမို့ နင့်အသား တွေ ပိုညိုနေခဲ့ပြီလား ဆိုတာ မသေချာဘူး။ နင် က ငါ့မျက်နှာမကောင်း လို့ ထင်ပါရဲ့။ စကားတွေ ပေါ့ပေါ့ပါးပါးဟန်နဲ့ ပြောပြန်တယ်။ ဟိုတုန်း ကလို အပူအပင်ကင်း ဟန်နဲ့ ရယ်ကာမောကာ ရှိလာပြန်တယ်။
အဲဒီညက နင်ပြန် တော့လည်း ငါ နင့်အ ကြောင်းတွေ တစ်သီကြီး တွေးနေမိသေးတာ။ အ မေနဲ့လည်း ပြောဖြစ်ကြ သေးတာပေါ့။ နင့်အ ကြောင်းရယ်တင်မဟုတ် ပါဘူး။ ရွာက တခြား လယ်သမားတွေအ ကြောင်း၊ လူငယ်လေး တွေအကြောင်းပါ အမေ က ပြောပြတယ်။ ရွာမှာ တော့ လယ်သမားတွေထဲ ဆိုရင် တို့ငယ်တုန်းက ချမ်းသာတယ်လို့ထင်ကြ တဲ့သူတွေတောင် ပိုင် ဆိုင်မှုတွေတဖြည်းဖြည်း ပါးလျလာခဲ့ပြီ။ ဧက နည်းနည်းလေးပဲ ပိုင် တဲ့လယ်သမားတွေကတော့ လုံးလည်ချာလည်လိုက် လို့တဲ့။ ''လယ်က ရတာ နည်းတယ်မဟုတ်လား။ လူသာ ပင်ပန်းတာ။ ဘာ မှကျန်တာမဟုတ်ဘူး။ အခုဆို လူငယ်ပိုင်းက နိုင်ငံခြားထွက်တာထွက်၊ တခြားမြို့တွေ ရောက်လို ရောက်နဲ့။ လူကြီးတွေပဲ ရွာမှာ ကျန်တာများ တယ်''လို့ အမေက ပြော ပြတယ်။
ငါတို့ ငယ်တုန်းက တော့ ဒီလို ဘယ်ဟုတ်မ လဲနော်။ ရွာမှာ သိပ်ပျော် စရာကောင်းခဲ့တာ။ က လေးတွေကလည်းကလေး တွေအလျောက်၊ လူငယ် ပိုင်းကလည်း လူငယ်အ လျောက် ရွာမှာ ခင်တွယ် နေပျော်ခဲ့ကြတာ။ အခု တော့ ငါရွာကို ရောက် တယ်ဆိုရင်ပဲ အရာရာ ငြိမ်ချက်သားကောင်းနေ တာတွေ့ရတယ်။ ငါတို့ သက်တူရွယ်တူတော် တော်များများတောင် ရွာမှာ မတွေ့နိုင်တော့ ဘူး။ ပွဲလမ်းတွေနဲ့ စည် ပင်ခဲ့တဲ့ တို့ရွာမှာ အခု တော့ပွဲသံလည်း တိတ်လို့ ပေါ့။ အလှူပွဲတွေ ဘာ တွေလည်း အရင်ထက် နည်းခဲ့ပြီလား။ ငါတို့ငယ်တုန်းက စ ပါးပေါ်ချိန်၊ ပဲပေါ်ချိန် ရာသီကလည်း ပွင့်လင်း ချိန်ဆို မန္တလေးဘက်က ဇာတ်ကြီးတွေငှားပြီး ရုံ သွင်းခဲ့ကြတာမှတ်မိပါ သေးရဲ့။ ဇာတ်အဖွဲ့တွေ ပြန်တိုင်း ငါတို့ကလေး တွေ လွမ်းကျန်ရတာ မှတ်မိသေးတယ်မဟုတ် လား။ အခုတော့ ဒီအ ကြောင်းတွေဟာ ရှေးရှေး တုန်းကလေလို့ အဘွား ပြောပြတတ်တဲ့ပုံပြင်တွေ လို ကလေးတွေကို ပြော ရတော့မလိုပေါ့။ ငါတို့ ရွာကလေးဟာ ငါ့စိတ်ထဲ တော့ အသံတိတ်ဇာတ် ကနေသလိုပါပဲ။
ဘာပဲပြောပြော နောက်ရက်မှာတော့နင်တို့ နဲ့ လယ်ပြင်တောကို ရောက်ရတဲ့အခါ ငါ့စိတ် တွေ ပေါ့ပါးလန်းဆန်း လာရပြန်တယ်။ နင့်ပဲ ခင်းလေးဟာ နင်ပြောခဲ့ သလိုပဲ စိမ်းမြလို့။ အ ခင်းကြည့်တာနဲ့တင် ဒီ နှစ် ပဲအောင်မယ်ဆိုတာ သိသာတယ်။ နင်ပြောသ လို ပဲဈေးကောင်းပါစေ လို့ ဆုတောင်းရမှာပဲ။
လယ်တဲလေးရဲ့ ဝန်းကျင်မှာ လေပြေက တဖြူးဖြူးတိုက်ခတ်လို့။ လယ်ပြင်ထဲက ဖြတ်လာ တဲ့လေဟာ လတ်ဆတ်နု သစ်လှတယ်။ ဆောင်း ကုန်ခါစမို့ရာသီကလည်း မပူပြင်းလှသေးဘူး။ နေ ပျော်တဲ့ကာလပေါ့။ နင် ပဲခင်းထဲမှာ ပေါင်းရှင်း တုန်း ငါက ကူချင်သေး တယ်။
''နေပါဟယ်။ နင့်ဘာ သာ ထိုင်နေစမ်းပါ။ ပြီး ရင် ဒီမှာတင် မီးမွှေးပြီး ငါ နင့်ကို အသီးအရွက် လတ်လတ်ဆတ်ဆတ်နဲ့ ဟင်းချက်ကျွေးမယ်ဟဲ့။ နင် မစားရတာကြာတဲ့ ဟင်းမျိုးပေါ့ဟယ်။ နင် ကြိုက်ဦးမှာပါ''
''အေးပါဟယ်။ စား မှာပါ။ လယ်ထဲမှာ ထ မင်းစားရတာကို ငါ ကြိုက်တာပဲဟာ။ နင့်က လေးတွေပါ ပါရင် ပို တောင်ပျော်စရာကောင်းဦး မယ်''
''အိမ်မှာ ကိုဖိုးဇော် အမေက ထိန်းပေးထား တာပဲ ခပ်ကောင်း ကောင်းပ။ ခေါ်လာရင် ဘယ်အလုပ်ဖြစ်မလဲ။ အခုဆို ကိုဖိုးဇော်က ကြံ ခင်းသွား၊ ငါက ဒီမှာ။ တစ်နေကုန် မအားနိုင် ဘူး''
ပုဝါကို ခေါင်းမှာ ပေါင်းလို့ သနပ်ခါး ပါး ကွက်ကျား၊ ရှပ်ကွက် လက်ရှည်နဲ့ ထမိန်တိုတို ဝတ်ထားတဲ့ နင်က မပင် ပန်းသလို ပြုံးရွှင်ပေါ့ပါး နေတယ်။ ခမောက်ကို ခပ်အုပ်အုပ်ဆောင်းထား တဲ့ နင့်အပေါ် နေရောင် က တစ်ဝက်တစ်ပျက် ဖြာကျလို့။ နင့်မျက်နှာကို ငေးနေပေမယ့် တကယ့် တကယ်မှာတော့ လယ် သမားတွေ အများကြီး ကိုပဲ ငါ ပုံဖော်မြင်ယောင် နေတယ်။
အချိန်တန်ရင် ဒီ လယ်တွေထဲမှာ စိုက်လို့ ပျိုးလို့၊ အချိန်တန်ရင် ရိတ်လို့ သိမ်းလို့။ ဒါဟာ နင်တို့ ဘဝ၊ ဒါဟာ နင် တို့ အိပ်မက်ပေါ့။ ဘဝမှာ လယ်ထက် ပိုတန်ဖိုးထား ရတာ မရှိဘူးပေါ့။ ဒီ လယ်ကလေးကို တန်ဖိုး ထားဖက်တွယ်ထားရ တာဟာ နင်တို့ ဘဝ အ သက်ရှင်ခြင်းရဲ့ တစ်စိတ် တစ်ဒေသဖြစ်မှာပဲ။
ဒီလယ်ပြင်တောတွေ စိမ်းလန်းနေသရွေ့ နင် တို့စိတ်တွေ လန်းဆန်းနေ ဦးမှာပါ။ ဘယ်လောက်ပဲ ပင်ပန်းခဲ့တယ်ဆိုဆို စိုက်ပျိုးခဲ့တဲ့ အသီးအပွင့်လေး တွေကို မြင်ရရင် နင်ပျော် မှာပဲ။ ပင်ပန်းသလောက် ပြန်ရတာ နည်းတဲ့ဘဝကို နင် စိတ်ပျက်တဲ့အချိန် လည်း ရှိသလို ရောင့်ရဲ နေပျော်တဲ့ ကာလလည်း ရှိလိမ့်မယ်။
ငါက ငါသင်ထားတဲ့ ပညာနဲ့ တတ်စွမ်းတဲ့ ဘက်က ဝန်ထမ်းရတုန်း မှာ နင်ကလည်း ငါတို့ မြန်မာပြည်သူတွေ စားဖို့ ဆန်၊ ဆီကို ဖန်တီးပေး နေတာ။ လယ်ယာကို ချစ်ခင်တဲ့သူတွေရှိနေသ ရွေ့ ငါတို့စားတဲ့ဆန် ဟာလယ်ထဲကလာတယ် လို့ အလွယ်တကူပြော နိုင်မှာပဲပေါ့။ ဘယ်အချိန် ဘယ်ကာလပဲရောက် ရောက် လယ်ကလေး ပိုင်နေရင်ပဲကျေနပ်တယ် လို့ နင်ပြောခဲ့ဖူးတာ ကိုလည်း ငါသတိရပါ သေးတယ်။
ငါ တွေးချင်ရာ တွေး နေတုန်းမှာပဲ နင်က ချက် ပြုတ်ဖို့ အလုပ်ရှုပ်နေပြန် ပြီ။ ဒါနဲ့ပဲ ငါ ဝိုင်းကူရ တယ်။ နင်ကတော့ ထိုင် နေပါလို့ အတန်တန်တား ရင်းပေါ့။ ငါကြိုက်တဲ့ ချဉ်ပေါင်တောချက် ဟင်းကို နင် ချက်ပေး တယ်။ ငါးပိနိုင်နိုင်နဲ့ သ ပွတ်သီးနုလေး၊ ရုံးပတီ သီးလေး ခတ်လို့။ ဟင်းနံ့ လေး မွှေးပျံ့လာတယ်ဆို ရင်ပဲ ငါ ဗိုက်ဆာလာ တော့တယ်။ ထမင်းစား တော့ နင်ရယ်၊ နင့်ညီမ လေးရယ်၊ ငါရယ်။ သုံး ယောက်သား ထမင်းစား လိုက်ကြတာ ခေါင်းမ ဖော်စတမ်းပဲ။ ငါးက လေးကြော်ကလည်း လတ်ဆတ်လို့လားမသိ၊ စားကောင်းလိုက်တာ။ နင်ကတော့ ငါ မြိန်မြိန် ယှက်ယှက်စားတာကိုပဲ သဘောတကျရှိလို့ပေါ့။
စားသောက် သိမ်း ဆည်းပြီးချိန်မှာတော့ နင် ခဏ နားတယ်။ ချွေးစို့ နေတဲ့ နင့်မျက်နှာပေါ်မှာ အပြုံးတစ်စက ခိုတွယ် တုန်း။ နင်က လယ်ပြင် တောကို အငေးသား ကြည့်နေတယ်။ နင့်မှာ ပြောစရာစကားတွေ အ များကြီးရှိသေးတာကို နင့် မျက်လုံးတွေ ကြည့်ရုံနဲ့ တင် ငါသိပါတယ်။
''မိဖြူရယ်။ ငါလေ တခြားမြို့ရွာတွေမှာ လယ်တွေ သူများနောက် ပါသွားတယ်ဆိုတာ ကြားတိုင်း စိတ်ပူလိုက် တာဟယ်။ ငါ့လယ်က လေးမရှိရင် ငါဘာလုပ်ရ မလဲ။ ငါ့မှာ ငယ်က တည်းက ဒါပဲလုပ်လာ တာ။ ဒါပဲလုပ်တတ်တာ။ ကိုဖိုးဇော်လည်း ငါ့လိုပါ ပဲ။ နင့်တော့ ငါလှမ်းမေး ချင်သား။ နင့်ဆီ ဖုန်း ဆက်ဖို့လည်း နင်များ အားပါ့မလားလို့အားနာ တာနဲ့မဆက်ဖြစ်ဘူး။ ပြီးတော့ ဒီဘက်က အခုထိ အေးနေသေး တယ်မို့လား။ ငါတော့ ဒီအတိုင်းလေးပဲ ပုံမှန် သွားနေစေချင်တာပဲ။ လယ်မှ မလုပ်ရရင် ငါ ဘာလုပ်ရမလဲ။ ရောင်း လို့ ငွေရလည်း ခဏပဲ ထင်တာပဲ။ ငါတော့ ငါ့လယ်ကို ဘယ်သူ့ကိုမှ မရောင်းချင်ပါဘူးဟယ်။ နင်လည်း ငါတို့ လယ်သ မားတွေနဲ့ပတ်သက်တာ တစ်ခုခု ထူးတာများ ကြားရင် ငါ့ကိုလှမ်းပြော ပေးဦးနော့''
''အေးပါဟာ''လို့ ငါ မရေမရာ ကတိစကား ဆိုရတယ်။ တကယ်တော့ မြို့ပြအလုပ်ခွင်မှာရှိနေ ပေမယ့် ငါ့ပတ်ဝန်းကျင် ကျဉ်းကျဉ်းလေးက လွဲပြီး ပြင်ပလောကကို ငါ သိပ် မကျွမ်းဝင်လှဘူး။ နားမ လည်နိုင်ဘူးဆိုရင် ပိုများ မှန်မလားပဲ။ တချို့တချို့ သော ဖြစ်ရပ်တွေဟာ ငါ့ ခေါင်းသေးသေးလေးနဲ့ ညဏ်မမီတာလည်း ပါ တာပဲ။ နင်ကတော့ ငါ့ကို အားကိုးတကြီးငေးမော လို့။ နင့်ကို အားပေးသလို ပြုံးပြတဲ့ အပြုံးက မပီမ ပြင်ဖြစ်နေမှာကိုပဲ ငါစိတ် ပူရတယ်။
''ငါလေ ငါ့သားလေး ကို လယ်သမားတော့ မ ဖြစ်စေချင်ပါဘူး။ ငါတို့ ဘဝတွေဟာ မရေမရာနဲ့ မဟုတ်လား။ နင်တို့လို ပ ညာတတ်သာ ဖြစ်စေချင် တာ။ သူတို့တွေ ပညာ သင်ခရီးဆုံးဖို့ကလည်း ငါတို့ ဒီလယ်ကလေးကို ဖြစ်ဖြစ်မြောက်မြောက် စိုက်နိုင်မှပဲ။ ငါတို့ လင်မ ယားမှာ ဒါပဲကြိုးစားနေ ရတာ''
ဒီ တစ်ကြိမ်တော့ ငါ့ အပြုံးဟာ အသက်ဝင် ပီပြင်လိမ့်မယ်မထင်ဘူး။ နင့်ကို ပြောချင်တဲ့စကား တွေကလည်း နှုတ်ကနေ ထွက်မလာနိုင်ဘူး။ စ ကားစရှာမရရင် ငါလုပ် နေကျအတိုင်း နင့်လက် ကိုသာ ဆုပ်ကိုင်လိုက်မိ တယ်။ ဒါဟာ နင့်ကို အားပေးချင်တာပဲဆိုတာ တော့ နင်သိပြီးသားဖြစ် မှာပါ။
''နင် ရွာကို ဘယ် တော့ ပြန်လာဦးမလဲ''လို့ နင်က မေးတယ်။ ဒီအ မေးစကားကို ကြားတော့ ငါပြုံးမိပြန်တာပဲ။ တစ် ခါတလေမှာ ပြန်ချင်ရက် နဲ့ အပြန်ခက်လှတဲ့အ ကြောင်းတော့နင် နား လည်အောင် ငါ ရှင်းပြ နိုင်ပါ့မလား။ ငါ ကျင် လည်ရာ ပတ်ဝန်းကျင်မှာ လည်း သူ့အထိုက်အ လျောက်နဲ့သူ ဘဝအမော တွေ ရှိတယ်ဆိုတာ ပြော ပြချင်သေးတယ်။
ငါပြောပြရင်လည်း ပဲ မြေပေါ်မှီခိုရတဲ့ ဘဝ ထက်တော့ရေရာပါသေး တယ်လို့များ နင်က စော ဒက တက်ချင်ဦးမလား။
''အခုတော့ အထိုင် ကျပါပြီလေ။ တစ်နှစ် တစ်ခါတော့ ပြန်လာမှာ ပေါ့'' လို့ပဲ ငါဆိုရတယ်။
''ပြန်လာပါဟာ။ ငါ့ မှာလည်း နင်ပြန်လာမှ တွေ့ရမှာ။ အရီးလည်း နင့်လွမ်းနေမှာပေါ့။ အိမ် မှာ နင့်မောင်လေး ရှိလို့ တော်သေးတယ်နော်။ အေးလေ..ရွာမှာတော့ တစ်ယောက်နဲ့ တစ် ယောက် စောင့်ရှောက်ပြီး နေကြတာပါပဲ။ ပြီးတော့ လည်း တစ်ရွာလုံး အမျိုး ကင်းကြတာလည်းမဟုတ်။နင်စိတ်ပူစရာတော့ မရှိပါ ဘူး''
နင့်စကားကြောင့် ငါ ပြုံးရတယ်။ တကယ် တော့ အဝေးမှာရှိနေပေ မယ့် မိသားစုအပေါ် အ ချိန်ပြည့်ပူပင်မနေရတာ ဟာ ဒီမေတ္တာတရားတွေ ကြောင့်ပါပဲ။ ငါတို့ ရွာက လေးမှာ အခုဆို လူငယ် တော်တော်များများ လယ် ယာအလုပ်မှာ မလုပ်နိုင် ကြလို့ ရွှေ့ပြောင်းလုပ် သားတွေ ဖြစ်သွားကြပြီ။ လယ်ယာလုပ်ငန်းခွင်မှာ ပဲ ကျန်ရစ်ခဲ့တဲ့သူက လည်း ကျန်ရစ်လို့ပေါ့။ တစ်နှစ်လုံး ပင်ပင်ပန်း ပန်း အလုပ်လုပ်ကြရပေ မယ့် အကျိုးအမြတ်နည်း လှတဲ့အလုပ်ပေမယ့် မြေ ကို အခုအချိန်ထိ ဖက် တွယ်ထားတာကိုတော့ နင့်ကို ငါ ချီးကျူးချင် လှတယ်။
အဲဒီနေ့က အလုပ် တွေ သိမ်းလို့ နေအေး တော့ ငါတို့ ရွာဘက် ပြန်ကြတယ်။ လယ်ထဲ ပေါက်နေတဲ့ ဟင်းရွက် ကန်စွန်းတွေကို ဟင်း လှော်ပေါင်းလုပ်စားဖို့ ခူး ကြသေးရဲ့။ အပြန်လမ်း မှာ နင်က သီချင်းတ ကြော်ကြော်ဆိုလို့ပေါ့။
''ကျွန်မအစ်မက အရင်က ဒီလို မဟုတ်ဘူး မဖြူရဲ့။ မဖြူပြန်လာလို့ ပျော်နေတာ''လို့ နင့်ညီမ လေးက ပြောတော့ ငါတို့ ရယ်မောကြရတယ်။
အဝေးမှာတော့ နေ လုံးနီနီက ဝင်လုလု။ ဆည်းဆာ နေရောင် အောက်မှာ လယ်ကန် သင်းပေါ်လမ်းလျှောက်နေ တဲ့နင့်ကို ငါ လှည့်ကြည့် တော့ လယ်ပြင်တောကို နောက်ခံထားလို့ ပန်းချီ ကားတစ်ချပ်လို အသက် ဝင်နေလေရဲ့။ ငါသာ ပန်းချီဆွဲတတ်ရင်တော့ ဒီမြင်ကွင်းကို ရအောင် ဆွဲပြီး လယ်တောအပြန် လို့နာမည်ပေးချင်တယ်။လယ်ပြင်တောကိုတော့ အစိမ်းမြမြခြယ်မယ်။ နင့် ကိုတော့ လယ်ကိုချစ်သူ၊ ရဲရင့်သူမို့ အနီရင့်ရင့်ခြယ် ချင်တယ်။ ဒီလိုသာ ငါ ပြောပြရင်တော့ နင်က သဘောတကျ ရယ်မော ဦးမှာပါပဲ။
---
ရွာမှာ ဘယ်လောက် ပဲ နေပျော်တယ်ဆိုဆို ငါ ရခဲ့တဲ့ ခွင့်ရက်လေး ပြည့်တော့လည်း အမေ့ ကို၊ နင်တို့ကို နှုတ်ဆက် ခွဲခွာရပြန်တယ်။
ရွာအပြန်လမ်းဟာ ထုံးစံအတိုင်း အလွမ်းတွေ နဲ့ ပြည့်နေခဲ့တယ်။ အိမ် မှာတော့ အမေက မျက် ရည်စတွေ ဝေ့ဝဲကျန်ရစ် ခဲ့လေရဲ့။ ငါ့မျက်လုံးမှာ လည်း မျက်ရည်တွေနဲ့ ပေါ့။ မောင်လေး မောင်း နေတဲ့ ဆိုင်ကယ်နောက် ကထိုင်လိုက်ရင်း ရွာကို လည်ပြန်ငေးကြည့်နေမိ တယ်။
နင့်ကိုတော့ မနေ့ည က နှုတ်ဆက်ရတယ်။ နင်ရော ငါရော ငယ် တုန်းကလိုတော့ မငိုတတ် ကြတော့ဘူး။ ဝမ်းနည်း တာကို ဖုံးကွယ်လို့ စကား တွေပဲ တောင်စဉ်ရေမရ ပြောဖြစ်ကြတယ်။ ငါ့ကို နှုတ်ဆက်လို့ ခြံဝိုင်းလေး ထဲက နင်ထွက်သွားတော့ နင့်နောက်ကျောကို ငါ အချိန်အတော်ကြာအောင် ငေးမောနေမိတယ်။ ဒီ မြေ၊ ဒီလယ်တွေကို အ သက်ထက်ဆုံး ချစ်ခင် ဖက်တွယ်ထားဦးမှာပဲဆို တာ နင့်စကားတွေထဲက နေ သိခဲ့ရပြီမို့ ဆန္ဒရှိသ လို ဖြစ်နိုင်စွမ်းပါစေ လို့ လည်းငါတီးတိုးဆုတောင်း ခဲ့မိတယ်။
အတွေးကို ရပ်လို့ မြင် ကွင်းကို အာရုံစိုက်တော့ ငါတို့ လယ်ပြင်တောကို ဖြတ်နေရပြီ။ စိမ်းစိုနေတဲ့ လယ်တွေကို မျက်စိတစ် ဆုံးတွေ့နေရပြီ။
ဒီအချိန်အခိုက်အ တန့်လေးမှာ ငါ့စိတ်ထဲ တောင့်တမိတာတော့ တစ်ခုတည်း။ ဒီ မြင် ကွင်းတွေကို အမြဲမြင် တွေ့ခွင့်ရဖို့၊ နောက်ပြီး ဒီ လယ်ယာရှုခင်းတွေကြား မှာ နင်တို့တွေကိုပါ မြင် တွေ့ခွင့်ရနိုင်ဖို့ပါပဲ။

စံပယ်ဖြူနု
(၂ဝ၁၂ ခုနှစ် သြဂုတ်လ ရတီမဂ္ဂဇင်း)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More